



၂၀၂၀ ခုနှစ် ဖီးနစ် အဆိုစီရေးရှင်း အစီရင်ခံစာ
ဖီးနစ်အဆိုစီရေးရှင်းသည် ပြည်တွင်းလူမှုစီးပွားရေးအဖွဲ့အဖြစ် ပြည်ထဲရေးဝန်ကြီးဌာန၏ အသင်းအဖွဲ့ မှတ်ပုံတင်အား ၂၀၁၂ ခုနှစ် ဧပြီလတွင် စတင် ရရှိခဲ့ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၂၅) ရက်နေ့တွင် သင်းဖွဲ့ မှတ်ပုံတင် အမှတ် ၁ / ပြည်တွင်း / ၁၃၂၃ ဖြင့် သက်တမ်းတိုးမြင့်ခွင့် ထပ်မံရရှိ၍ လူမှုစီးပွားရေး လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်နေသော ပြည်တွင်း အဖွဲ့အစည်း ဖြစ်ပါသည်။
အဖွဲ့၏ ပင်မရုံးချုပ်အား ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ သမ္ဗူလလမ်း၊ ထီးလှိုင်ရှင် အိမ်ရာ၊ အိမ်အမှတ် ၁၅၈ (ဒီ) တွင် ဖွင့်လှစ်ထားရှိပြီး ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ဥက္ကလာ မြို့နယ်၊ အမှတ် ၁၁၂၊ သုဓမ္မာလမ်းမကြီး၊ (ဌ) ရပ်ကွက်တွင် စီမံချက် ရုံးခွဲတစ်ခုအား ဖွင့်လှစ်၍ ကျန်းမာရေး (HIV) ဆိုင်ရာ စီမံချက်များ အကောင်အထည်ဖော် လုပ်ဆောင်လျက် ရှိပါသည်။
၂၀၁၂ ခုနှစ်မှ စတင်ပြီး HIV/AIDS ဆိုင်ရာထိခိုက်လွယ် အုပ်စုများ၏ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နှင့်ကိုက်ညီသော တရားစီရင်ရေးဆိုင်ရာရပိုင်ခွင့်များကို အပြည့်အဝရရှိနိုင်စေရန်၊ အဆိုပါ အုပ်စုများအတွက် မူဝါဒကောင်းများ ပေါ်ထွန်းလာ စေရန်နှင့် တရားမျှတပြီး အကာအကွယ်ပေးနိုင်မည့် ဥပဒေကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်လျက် တရားဉပဒေ စိုးမိုးရေး အစီအစဉ်ကို စတင်ခဲ့ပြီး အဆိုပါအုပ်စုများ၏ အခက်အခဲများ ပြသနာများအတွက် အရေးဆိုတင်ပြမှုများပြုလုပ်ခြင်း၊ ဥပဒေရေးဆွဲခြင်း၊ ဥပဒေအထောက်အကူ ပြုခြင်း၊ ဥပဒေအသိပညာပေးခြင်း၊ မူဝါဒရေးဆွဲခြင်း ကိစ္စရပ်များတွင် စတင် ပါဝင်ဆောင်ရွက် လျက်ရှိပါသည်။
၂၀၂၀ ခုတွင် စီမံချက်နှင့် ရုံးဝန်ထမ်း စုစုပေါင်း ( ၆၇ ) ဦးဖြင့် အောက်ပါလုပ်ငန်းများ လုပ်ဆောင်ခဲ့ပါသည်။
- အဖွဲ့၏ လူမှု စီးပွားရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများ
- ကျန်းမာရေး၊ တရားဥပဒေ စိုးမိုးရေး နှင့် ဥပဒေဆိုင်ရာ စီမံချက်များ
- ပြည်တွင်း နှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်မှုများ
အဖွဲ့၏ လူမှု စီးပွားရေး နှင့် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများ
စတင်ဖွဲ့စည်းခဲ့စဉ်မှ ယနေ့အချိန်ထိ HIV ပိုးဖြင့် ရှင်သန်နေကြသူများနှင့် ယင်းတို့၏ မိသားစုများ သာမက နွမ်းပါးသူ၊ အသိပညာဗဟုသုတ လိုအပ်နေသောသူများ အတွက် ပံ့ပိုးကူညီ စောင့်ရှောက်သော လုပ်ငန်းများနှင့် အဖွဲ့၏ ရံပုံငွေအတွက် အိမ်တွင်းမှု စီးပွားရေးလုပ်ငန်း (အထည်ချုပ်) ကို လုပ်ဆောင်ခဲ့ကြ ပါသည်။
HIV ပိုးကြောင့် နာမကျန်းဖြစ်ကာ မင်္ဂလာဒုံ အထူးကုဆေးရုံသို့ လာရောက်ကုသသူများအနက် စောင့်ရှောက်မည့် သူများ လိုအပ်နေသည့် လူနာများ၊ နွမ်းပါးလူနာများအား အခကြေးငွေ မယူပဲ လူနာစောင့် အဖြစ် ဖီးနစ်အဖွဲ့၏ လုပ်အားပေး (၉) ဦးမှ မင်္ဂလာဒုံဆေးရုံအုပ်ကြီး၏ ခွင့်ပြုမှုဖြင့် နေ့စဉ် ကူညီဆောင်ရွက်ပေးလျက် ရှိပါသည်။
စီးပွားရေးလုပ်ငန်းအနေဖြင့် အသေးစား အထည်ချုပ်လုပ်ငန်း ဆောင်ရွက်လျက်ရှိပြီး ရရှိလာသည့် အကျိုးအမြတ် တို့ကို လူမှုရေးလုပ်ငန်းများတွင် အသုံးပြုခြင်းနှင့် အဖွဲ့ ရေရှည်တည်တံ့ရေး ရံပုံငွေတို့အတွက် အသုံးပြုလျက် ရှိပါသည်။ စက်ချုပ်လုပ်ငန်းမှာလည်း သမဝါယမ ဝန်ကြီးဌာန၊ အိမ်တွင်း စက်မှုလက်မှု လုပ်ငန်းမှ လုပ်ငန်း မှတ်ပုံတင်ဖြင့် လုပ်ဆောင်နေပြီး လူမှုရေး စျေးရောင်းပွဲများ နှင့် ပြင်ပမှ မှာယူသူများအတွက် ချုပ်လုပ် ပေးလျက်ရှိပါသည်။
၂၀၂၀ ခုနှစ် ကျန်းမာရေး၊ တရားဥပဒေ စိုးမိုးရေး နှင့် ဥပဒေဆိုင်ရာ စီမံချက်များ
(၁) HIV / TB ကာကွယ်ရေး စီမံချက် (အမျိုးသားချင်း ချစ်ခင်စုံမက်သူများအတွက်)
(၂) HIV / TB ကာကွယ်ရေး စီမံချက် (အမျိုးသမီး လိင်လုပ်သားများအတွက်)
(၃) ကုသခြင်း၊ HIV သွေးစစ်ခြင်း နှင့် နှစ်သိမ့်ဆွေးနွေးခြင်း စီမံချက်
(၄) လူထုပါ၀င် တီဘီကင်းစင် မြန်ပြည်တစ်ခွင် စီမံချက်
(၁) HIV / TB ကာကွယ်ရေး စီမံချက် (အမျိုးသားချင်း ချစ်ခင်စုံမက်သူများအတွက်)
စီမံချက်အမျိုးအစား - HIV/AID, STI, TB ကျန်းမာရေးဝန်ဆောင်မှု
ရံပုံငွေ ပမာဏ - ၆၂,၀၇၅,၈၀၀ ကျပ်
အလှူရှင် အဖွဲ့အစည်း - Save the Children (PR), Alliance (Maharmate Myanmar) (SR)
ဝန်ထမ်းအရေအတွက် - (၁၄) ဦး
စီမံချက်ဧရိယာ - ရန်ကုန်တိုင်းဒေသကြီး (လှိုင်သာယာ၊ အင်းစိန်၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ နှင့် လှည်းကူး)
စီမံချက်၏ အဓိကရည်မှန်းချက် ပန်းတိုင်နှင့် ရည်ရွယ်ချက်များ
HIV Prevention Project GF-MSM သည် Global Fund ၏ ရန်ပုံငွေဖြင့် Phoenix Association Yangon နှင့် Alliance (Maharmate Myanmar) တို့ပူးပေါင်းဆောင်ရွက်သော (၃) နှစ်စီမံချက် ဖြစ်ပါသည်။
စီမံချက်၏ အဓိက ရည်ရွယ်ချက်မှာ အမျိုးသားခြင်းချစ်ခင်စုံမက်သူများ အကြား HIV အသစ် ကူးစက်ခံရမှု လျော့ကျစေရန်နှင့် ပုန်းကွယ်နေသော အမျိုးသားခြင်းချစ်ခင်စုံမက်သူများအား အရှိန်အဟုန်မြှင့် ရှာဖွေဖေါ်ထုတ်ပြီး ဝန်ဆောင်မှုများပေးရန် ဖြစ်ပါသည်။
စီမံချက်လှုပ်ရှားဆောင်ရွက်မှုများ၊ (လှုပ်ရှားဆောင်ရွက်မှုများနှင့် အောင်မြင်မှုများ)
HIV/AIDS Prevention Project ကို ၂၀၁၈ ဇန်နဝါရီလမှ စတင်လုပ်ကိုင်ခဲ့ပြီး စီမံချက်ကာလမှာ (၃) နှစ် ဖြစ်ပါသည်။ စီမံချက် မြို့နယ်များမှာ လှိုင်သာယာ၊ အင်းစိန်၊ ရွှေပြည်သာ နှင့် မင်္ဂလာဒုံ တို့ဖြစ်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် လှည်းကူးမြို့နယ် တွင် ထပ်မံတိုးချဲ့လုပ်ဆောင်ခဲ့ပါသည်။ စီမံချက်၏ အဓိကလုပ်ဆောင်ချက် များမှာ အမျိုးသားခြင်းချစ်ခင်စုံမက်သူများ အကြား HIV/AIDS အကြောင်း တစ်ဦးခြင်း ပညာပေးခြင်း၊ အုပ်စုဖွဲ့ ပညာပေးခြင်းများ၊ HIV ပိုးရှိ/မရှိ စစ်ဆေးနိုင်ရန် ဆေးရုံဆေးခန်းများ နှင့် ချိတ်ဆက်ပေးခြင်း၊ ကွန်ဒုံးနှင့် ဂျယ်များ လက်ကမ်းစာဆောင်များဖြန့်ဝေပေးခြင်း၊ ပုန်းကွယ်နေသော Target Population အား ကျမ်းမာရေး ဝန်ဆောင်မှုများပေးနိုင်ရန် ဆောင်ရွက်ခြင်း၊ ကာလသားရောဂါ အကြောင်း အသိပညာပေးခြင်း၊ ကာလသားရောဂါ စစ်ဆေးနိုင်ရန် ဆေးရုံဆေးခန်းများနှင့် ချိတ်ဆက်ပေးခြင်း၊ HIV/AIDS (သို့) ကာလသား ရောဂါပိုးတွေ့ရှိပါကလည်း ဆေးရရှိစေရန် ဆောင်ရွက်ပေးခြင်း၊ အိမ်တိုင်ရာရောက် ပြုစု စောင့်ရှောက်ခြင်း၊ စိတ်ဓါတ်ကျနေသော လူနာများအား Psychosocial Supporting ပေးခြင်း၊ ၂၀၁၉ ဇူလိုင်လမှ စတင်ပြီး TB အကြောင်း ပညာပေးခြင်း၊ TB ရောဂါပိုးရှိ/မရှိ စစ်ဆေးပေးခြင်း၊ လိုအပ်သော လူနာများအား ၂၀၁၉ စက်တင်ဘာလ မှစတင်ပြီး အာဟာရ ထောက်ပံ့ခြင်း (Nutrition Supporting) များပြုလုပ်ပေးလျက်ရှိပါသည်။
ယခုနှစ် စီမံချက် ဆောင်ရွက်ရာတွင် ယခင်နှစ်များထက် TB ဓါတ်မှန် ရိုက် စစ်ဆေးပေးသော ဝန်ဆောင်မှုများ (Chest X-ray CXR) ၊ TB ပိုး ရှိ မရှိ စစ်ဆေးပေးသော ဝန်ဆောင်မှုများ နှင့် TB ပိုးရှိပါက ကုသရေး စင်တာများ သို့ လွှဲပြောင်းပေးသော ဝန်ဆောင်မှုများ ပိုမို လုပ်ကိုင်လာနိုင်ခဲ့ပါသည်။ Community Base Testing CBS စနစ်လည်း အကောင်အထည်ဖေါ် ဆောင်ရွက်ရန်ရှိပြီး ဝန်ဆောင်မှုပေးနိုင် ခွင့်ပြုချက် တောင်းခံလျက် ရှိပါသည်။ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ထပ်တိုးဝန်ဆောင်မှု အဖြစ် HIV ပိုးတွေ့လူနာများအားလုံးအား အာဟာရ ထောက်ပံ့ခြင်း ဝန်ဆောင်မှုပါ လုပ်ကိုင်လာနိုင်ခဲ့ပါသည်။
အောင်မြင်မှုများ (ရလဒ်များ)
| အကြောင်းအရာ | ယူနစ် | ရည်မှန်းချက် | ဆောင်ရွက်ပြီးစီးမှု | ရာခိုင်နှုန်း | 
| HIV/STI ကျမ်းမာရေး အသိပညာပေးခြင်း | ဦးရေ | ၂၁၂၀ | ၁၈၁၆ | 85.66 | 
| အုပ်စုလိုက်ပညာပေးခြင်း office based | အကြိမ်ရေ | ၂ | ၁ | 50.00 | 
| အုပ်စုလိုက်ပညာပေးခြင်း outside office | အကြိမ်ရေ | ၂၂ | ၁၁ | 50.00 | 
| HIV ပိုးရှိ/မရှိ စစ်ဆေးခြင်း VCT | အကြိမ်ရေ | ၁၇၃၈ | ၁၄၃၅ | 82.57 | 
| HIV ပိုးကူးစက်ခံရသူများ ရှာဖွေဖေါ်ထုတ်နိုင်မှု | ဦးရေ | ၇၀ | ၃၉ | 55.71 | 
| STI ပိုးရှိ/မရှိ စစ်ဆေးခြင်း | အကြိမ်ရေ | ၁၂၀ | ၁၂၀ | 100.00 | 
| ART ဆေးရရှိအောင်ဆောင်ရွက်ပေးခြင်း | အကြိမ်ရေ | ၁၂၆ | ၂၃ | 18.25 | 
| အိမ်တိုင်ရာရောက်ပြုစုစောင့်ရှောက်ခြင်း | ဦးရေ | ၁၂၆ | ၂၅ | 19.84 | 
| Nutrition Support | ဦးရေ | ၁၃ | ၄ | 30.77 | 
| Multiplier Training | အကြိမ်ရေ | ၁ | ၁ | 100.00 | 
| ကွင်းဆင်းကြီးကြပ်ခြင်း | အကြိမ်ရေ | ၁၂၀ | ၁၂၀ | 100.00 | 
| အရေးအဆိုတင်ပြခြင်း | အကြိမ်ရေ | ၁ | - | 0.00 | 
| တစ်နှစ်တာ ရလဒ်များ ဖြန့်ဝေခြင်း | အကြိမ်ရေ | ၁ | ၁ | 100.00 | 
| TB အကြောင်း အုပ်စုလိုက်ပညာပေးခြင််း | အကြိမ်ရေ | ၁၂ | ၇ | 58.33 | 
| TB ပိုးရှိ/မရှိ စစ်ဆေးပေးခြင်း | ဦးရေ | ၃၅ | ၁၀ | 28.57 | 
| TB ပိုးရှိသူများအား ညွန်းပို့ခြင်း | ဦးရေ | ၃၅ | - | 0.00 | 
| CXR-TB ပိုးရှိ/မရှိ ဓါတ်မှန်ရိုက် စစ်ဆေးပေးခြင်း | ဦးရေ | ၅၉၄ | ၁၉၀ | 85.66 | 
စိန်ခေါ်မှုများ (အခက်အခဲ)
အသက်ရှုလမ်းကြောင်းမှ တဆင့် ကူးစက်တတ်သော Covid-19 ရောပါပိုးသည် Mar 20 မှ စတင်ကာ လျှင်မြန်စွာ ကူးစက်လာခဲ့ပါသည်။ ၄င်းရောဂါပိုးကူးစက်ခြင်းကြောင့် စီမံချက် အကောင်အထည်ဖေါ်ရာ မြို့နယ် များတွင်သာမက နိုင်ငံအနှံ့အပြားတွင် သွားလာမှု ထိန်းချူပ်ကန့်သတ်ခြင်းများ၊ စက်ရုံအလုပ်ရုံများ ပိတ်ထားခြင်း၊ လူစုလူဝေး ရှောင်ကျဉ်ခြင်းများ ဆောင်ရွက်ခဲ့ကြရပါသည်။ သို့ဖြစ်ပါ၍ ဉီးတည်အုပ်စု MSM များစုဝေးခြင်းများ၊ ကျမ်းမာရေး ဝန်ဆောင်မှုရယူခြင်းများ နှင့်် စီမံချက် လှုပ်ရှားမှုများ ဆောင်ရွက်ရာတွင် အခက်အခဲများစွာ တွေ့ကြုံ ခဲ့ရပါသည်။ ၄င်းအခက်အခဲများအား နိုင်ငံတော်၊ ကျမ်းမာရေးဝန်ကြီးဌာန တို့မှ ထုတ်ပြန်ကျေညာချက်များ နှင့် Alliance (Maharmate Myanmar) မှ အကြံပြုချက်များ၊ Phoenix အဖွဲ့မှ ကူးစက်မှုမမြင့်မားစေရန် လမ်းညွန်ချက် များအား စနစ်တကျ အကောင်အထည်ဖေါ် ဆောင်ရွက်ရပါသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် Covid-19 ကူးစက်မြန် ရောဂါအား ဝန်ထမ်းများနှင့် Clients ကြား ကူးစက်နိုင်ခြေများ လျော့ချနိုင်ခဲ့သော်လည်း စီမံချက် အကောင်အထည် ဖေါ်ဆောင်ရွက်ရာတွင် Work from Home, Stay At Home ဆေက်ရွက်ခြင်းများ၊ ယခင်နှစ်များထက် ကွင်းဆင်း ဆောင်ရွက်နိုင်သော ရက်၊ အချိန် နည်းပါခြင်းများ၊ Social Distancing & Isolation များဖြင့် ဆောင်ရွက်ရခြင်း ကြောင့် သတ်မှတ်ထားသော် Target ၏ ထက်ဝက်ခန့် ပမာဏပြည့်မှီအောင်ပင် အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ ကြရပါသည်။
ယခင်နှစ်များမှ တွေ့ကြုံခဲ့ရသော အခက်အခဲများ ဖြစ်သည့် Clients များသည် ဉီးတည်အုပ်စု သဘာဝအရ ရွှေ့ပြောင်း နေထိုင်ကြခြင်း၊ အလုပ်အကိုင် အပြောင်းအလဲများ ပြောင်းရွှေ့ကြခြင်း၊ စုရပ်နေရာများ ရွှေ့ပြောင်း ခြင်းများ နှင့် Client များသည် ပို၍ ဝန်ဆောင်မှု ကောင်းမွန်သော ဆေးရုံဆေးခန်းများအား ရွှေးချယ်သွားရောက် လိုခြင်းများ အနည်းငယ်သာ လျော့ကျလာပါသည်။ ယခုနှစ်တွင် Covid-19 ကူးစက်မှုများကြောင့် ကွင်းဆင်း ဆောင်ရွက်ရသည့်ရက် နည်းပါခြင်း၊ ယဉ်ကြော ပိတ်ဆို့ထားသော ကာလများတွင်လည်း ဝန်ဆောင်မှုပေးနိုင်ရန် ဝန်ထမ်းများမှ ကြိုးပမ်းအားထုတ်ခဲ့ကြပါသည်။ စီမံချက် အကောင်အထည်ဖေါ် ဆောင်ရွက်နေသော ဝန်ထမ်းများ အရည်အချင်းများ မြင့်တင်ရာတွင်လည်း Covid-19 ကူးစက်ခံ ရနိုင်ချေများကြောင့် နှောင့်နေးကြန့်ကြာခြင်းများစွာ ရှိခဲ့ပါသည်။ Covid-19 ကာလ အချို့သော ရပ်ဆိုင်း စက်ရုံအလုပ်များတွင် လုပ်ကိုင််သည့် Client များသည် ကျမ်းမာရေးဝန်ဆောင်မှုများ ရယူနိုင်ရန်ထက် ၄င်းတို့၏ စီးပွါးရေးပြသနာများ ဖြေရှင်းနိုင်ရန်ကိုသာ ဦးစားပေး ဆောင်ရွက်နေသောကြောင့် ဝန်ဆောင်မှုပေးရာတွင်လည်း အခက်အခဲများ ဖြစ်ပေါ်ခဲ့ပါသည်။
ထူးခြားဖြစ်စဉ်များ -
Covid-19 ရောဂါကူးစက်မှု လျော့ကျချိန်များတွင် ကွင်းဆင်းစီမံချက်များအား မိမိတို့ ဆောင်ရွက်နိုင်သည့် ပမာဏများ ထက်ကျော်လွန်ကာ အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ကြပါသည်။ စီမံချက် ဆောင်ရွက်လျက်ရှိသော HIV//AIDS, TB & STI ကာကွယ်လုပ်ငန်းစဉ်များသာမက CXR ရိုက်ပေးခြင်းများ၊ PreP ဆေး သောက်လိုသည့် Clients များအား သက်ဆိုင်ရာဌာန များသို့ လွှဲပြောင်းပေးပို့ခြင်းများ နှင့် Covid-19 တိုက်ဖျက်ရေး နှင့် ကာကွယ် လုပ်ငန်းစဉ်များတွင် ရပ်ရွာလူထုနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ကြပါသည်။
စီမံချက် အကောင်အထည်ဖေါ်ဆောင်ခဲ့သော ဓါတ်ပုံ မှတ်တမ်းများ
                                 
    
ရွှေပြည်သာမြို့နယ် တွင်ပြုလုပ်ခဲ့သော HIV Group Session Photos
 
   
အင်းစိန် မြို့နယ် တွင်ပြုလုပ်ခဲ့သော TB Group Session Photos
 
   
မင်္ဂလာဒုံ မြို့နယ် တွင်ပြုလုပ်ခဲ့သော TB Group Session Photos
 
  
    
လှိုင်သာယာ မြို့နယ် တွင်ပြုလုပ်ခဲ့သော HIV Group Session Photos(Office)
 
    
လှည်းကူး မြို့နယ် တွင်ပြုလုပ်ခဲ့သော HIV Group Session Photos(Office)
           
    
Annual Review Meeting အား Visual Meeting (Zoom App) အသုံးပြုကာ ပြုလုပ်ပုံ
           
    
ဝန်ထမ်းများ၏ အရည်အချင်း မြင့်တင်ပေးရန် Multiplier Training ပြုလုပ်နေပုံများ
(၂) HIV / TB ကာကွယ်ရေး စီမံချက် (အမျိုးသမီး လိင်လုပ်သားများအတွက်)
စီမံချက်အမျိုးအစား - HIV/AID, STI, TB ကျန်းမာရေးဝန်ဆောင်မှု
ရံပုံငွေ ပမာဏ - ၅၇,၄၁၄,၁၀၀ ကျပ်
အလှူရှင် အဖွဲ့အစည်း - Save the Children (PR), Alliance (Maharmate Myanmar) (SR)
ဝန်ထမ်းအရေအတွက် - (၁၃) ဦး
စီမံချက် ဧရိယာ - ရန်ကုန်တိုင်းဒေသကြီး (လှိုင်သာယာ၊ အင်းစိန်၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ နှင့် လှည်းကူး)
စီမံချက်လှုပ်ရှားဆောင်ရွက်မှုများ
Covid-19 ကာလတွင် စီမံချက်ဝန်ထမ်းများမှ မိတ်ဖက်အဖွဲ့ဖြစ်သည့် မဟာမိတ် မြန်မာ၏ ညွှန်ကြားချက် နှင့်အညီ Female Sex Worker (FSW)များအား ကျန်းမာရေးပညာပေးခြင်း၊ အဖွဲ့လိုက် ကျန်းမာရေးပညာပေးခြင်း၊ HIV ပိုးရှိ/မရှိ လွှဲပြောင်း ပို့ဆောင်စစ်ဆေးပေးခြင်း၊ ကာလသားရောဂါ အကြောင်း ပညာပေးခြင်း၊ ကာလသားပိုး စစ်ဆေးရန် လွှဲပြောင်းပေးခြင်း များကို ပြုလုပ်ပေးနိုင်ခဲ့ပါသည်။ HIV Positive ထွက်ရှိသော Client များအား ဆေးရရှိရန် သက်ဆိုင်ရာဆေးရုံ၊ဆေးခန်းများသို့ ပို့ဆောင်ပေးခြင်း၊ အိမ်တိုင်ရာ ရောက် ပြုစုစောင့်ရှောက်ပေးခြင်း၊ Positive လူနာများအား အာဟာရထောက်ပံ့ပေးခြင်း၊ TB ရောဂါအကြောင်း ကျန်းမာရေးပညာပေးခြင်း၊ ဓာတ်မှန် ရိုက်ရန် လွှဲပြောင်းပေးခြင်;များကို ပြုလုပ်ဆောင်ရွက်ပေးလျက် ရှိပါသည်။
ဆင့်ပွားသင်တန်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များအတိုင်း ဝန်ထမ်းများ များ အရည်အသွေး မြင့်စေရန် ပြုလုပ်နိုင်ခဲ့ပါသည်။ အခြား ထိခိုက်လွယ် အုပ်စုများအား ကျန်းမာရေး ပညာပေးခြင်း၊ အဖွဲ့လိုက် ဆွေးနွေးခြင်း၊ HIV ပိုးရှိ/မရှိ စစ်ဆေးပေးခြင်းတို့အား ပြုလုပ်နိုင်ခဲ့ ပါသည်။
အောင်မြင်မှုများ
FSW Project အနေဖြင့် ကွင်းဆင်းဝန်ထမ်း (၁၀) ဦးဖြင့် တစ်နှစ်တာကာလအတွက် စီမံချက် လုပ်ငန်းစဉ် များဖြစ်သော HIV, STI, Condom, VCT, TB နှင့်ပါတ်သက်သော ကျန်းမာရေး ပညာပေးခြင်း(၁၅၁၄)ဦး၊ HIV ပိုး စစ်ဆေးခဲ့သော FSW များ (၁၁၃၁) ဉီးမှ Positive လူနာ (၆၁)ဦး ထွက်ရှိခဲ့ပြီး အိမ်တိုင်ရာရောက်ပြုစု စောင့်ရှောက် ခြင်းကိုလည်း ပြုစုစောင့်ရှောက်မှု ပေးခဲ့ပါသည်။ HIV Positive ထွက်ရှိသော လူနာများထဲမှ (၄၄)ဦးကို ဆေးရုံတွင် စာရင်းဝင်နိုင်ခဲ့ပါသည်။ (၁၂)ဦးမှာ ဆေးရရှိခဲ့ပါသည်။ ကွန်ဒုံဖြန့်ဝေခြင်းအား အမျိုးသားကွန်ဒုံများနှင့် ချောဆီများ ဖြန့်ဝေနိုင်ခဲ့ပါသည်။
စိန်ခေါ်မှုများ
ကပ်ရောဂါကာလအတွင်း စီမံချက်ကွင်းဆင်းဝန်ထမ်းများ မဖြစ်မနေ သွားရောက်ဝန်ဆောင်မှုပေးနိုင်၍ ပုန်းလျှိုနေသော HIVပိုးတွေ့လူနာများအား ဖေါ်ထုတ်ပေးနိုင်ခဲ့ပါသည်။ ကိုဗစ်ကူးစက်မှုမြင့်မားနေသောကာလ ဖြစ်သည့်အတွက် အချို့သော စီမံချက်လုပ်ငန်းများအား ထိရောက်စွာ မလုပ်ဆောင်နိုင်ခဲ့ပါ။ အဖွဲ့လိုက် ကျန်းမာရေး ပညာပေးခြင်းများကိုလည်း ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း (၅) ယောက်တစ်ဖွဲ့ ခြောက်ပေအကွာ နှာခေါင်းစီး တပ်ပြီး ပြုလုပ်ကြရပါသည်။
ရရှိခဲ့သောသင်ခန်းစာများ
ကိုဗစ်ကပ်ကာလအတွင်း လူနာများဆေးရရှိရန် အခက်အခဲရှိခြင်း၊ HIV ပိုးတွေ့ရှိ လူနာများမှ ဆေးရုံ ဆေးခန်းများသို့ သွားရောက်ရန် အခက်အခဲများရှိခြင်း၊ အခြား လူမှုရေး အခက်အခဲများလည်း တွေ့ရှိခဲ့ပါသည်။
ထူးခြားဖြစ်စဉ်များ
FSW များအနေဖြင့် သားဆက်ခြားဆေးနှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများကိုလည်း ပေးစေ လိုကြောင်း ကွင်းဆင်း ဝန်ထမ်းများထံမှ သိရှိရပါသည်။ စိန်ခေါ်မှု များသည့် လူနာများစွာရှိနေသော်လည်း Covid-19 ကာလညွှန်ကြားချက် အရ ဝန်ဆောင်မှု ပေးနိုင်ခြင်းမှာ နည်းပါး နေပါသေးသည်။
အဖွဲ့လိုက်ကျန်းမာရေး ပညာပေးခြင်းမှတ်တမ်းတ်ပုံများ -
 
    
 
         ရုံးအတွင်း လှုပ်ရှားမှု ဆင့်ပွားသင်တန်းများ
 ရုံးအတွင်း လှုပ်ရှားမှု ဆင့်ပွားသင်တန်းများ
 
    
Covid-19 ကာလ ရုံးပြင်ပ လှုပ်ရှားမှုများ
ဝန်ထမ်းများ၏ အိမ်တိုင်ရာရောက်စာရွက်စာတမ်းများ လိုက်လံသိမ်းဆည်းဆောင်ရွက်ကြပုံ
 
     
 
                
 
ပြည်တွင်း နှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်မှုများ
၂၀၂၀ ခုနှစ်အတွင်း ကိုဗစ် ၁၉ ကန့်သတ်မှုများကြောင့် ပြည်ပအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်မှု မပြုလုပ်နိုင်ခဲ့ပါ။
သို့သော် ပြည်တွင်းတွင် ကျန်းမာရေးလုပ်ငန်းများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန (အမျိုးသား ခုခံကျ/ကာလသား စီမံချက်)၊ ပြည်ကြီးခင်၊ FHI 360 ၊ မဟာမိတ်မြန်မာ၊ Medical Action Myanmar (MAM) ၊ ICAP ၊ UNAIDS ၊ အမျိုးသမီး အဖွဲ့အစည်းများကွန်ရက်၊ အေးမြန်မာ အဆိုစီရေးရှင်း၊ အေးငြိမ်းမေတ္တာ၊ Lotus တို့အပြင် HIV လုပ်ငန်းများ ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ HIV ပိုးနှင့် အသက်ရှင် နေထိုင်သူများကွန်ရက်၊ မြန်မာနိုင်ငံ HIV ပိုးနှင့် အသက်ရှင် နေထိုင်သူများကွန်ရက်၊ တော်ဝန်ခရေ ကွန်ရက်၊ ပဒုမ္မာကွန်ရက်၊ မူးယစ်ဆေးဝါး သုံးစွဲသူများကွန်ရက်၊ မြန်မာနိုင်ငံ ဘာသာပေါင်းစုံ AIDS ကွန်ရက်၊ မြန်မာ လူမှုအဖွဲ့အစည်းများ ကွန်ရက်၊ မြန်မာလူငယ် ကြယ်ပွင့်များကွန်ရက်တို့နှင့် အွန်လိုင်းမှတစ်ဆင့် ချိတ်ဆက် ဆောင်ရွက်ခဲ့ပါသည်။
တရားဉပဒေ စိုးမိုးရေးလုပ်ငန်းများကိုလည်း မြန်မာနိုင်ငံ ဉပဒေအထောက်အကူပြုကွန်ရက်၊ အမျိုးသမီး အဖွဲ့အစည်းများ ကွန်ရက်၊ USAID ၊ Open Society Foundation ၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် သက်ဆိုင်ရာ ကော်မတီများ တို့နှင့် ချိတ်ဆက် လုပ်ဆောင်ခဲ့ပါသည်။
ဖီးနစ်အဆိုစီရေးရှင်းသည် ၂၀၂၀ ခုနှစ်အတွင်း ကိုဗစ် ကန့်သတ်ချက်များကြောင့် ရုံးလုပ်ငန်းများအား ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်ခဲ့ပါသည်။ အထူးသဖြင့် အစည်းအဝေးများနှင့် သင်တန်းများအား အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပေါ်လစီများ ပြန်လည်သုံးသပ်ရေးဆွဲခြင်း၊ အဖွဲ့ဝင်များအား စွမ်းရည်မြှင့်တင်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ပါသည်။
