Candel Light Memorial

(၈)ကြိမ်မြောက် မီးထွန်းဆုတောင်းပွဲ ....

19 May 2019 @ Mogaung (Kachin)

ဖီးနစ်လူမှုကူညီရေးအသင်း(မိုးကောင်း)၏ (၈)ကြိမ်မြောက် ကျင်းပသည့် AIDS ဖြင့် ကွယ်လွန်ခဲ့ကြသူများနှင့် HIVပိုး ကူးစက်ခံရသူများ၏ဘဝများ ငြိမ်းချမ်းကြပါစေရန် ရည်သန်၍ ပြုလုပ်သော မီးထွန်းဆုတောင်းပွဲအား ကချင်ပြည်နယ် မိုးကောင်းမြို့ အထက်တန်းကျောင်း ရတနာခန်းမ၌ ကျင်းပခဲ့ရာ အစိုးရဋ္ဌာနများ၊ ကျန်းမာရေးဋ္ဌာနနှင့် INGO/NGO အရပ်ဖက် အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ မိတ်ဆွေများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ အလှူရှင်များ ပူးပေါင်းပါဝင်ခဲ့ကြပါသည်။

အခမ်းအနားတွင် မိုးကောင်းမြို့နယ် ဆရာဝန်ကြီး ဒေါက်တာကောင်းမြတ်စံမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဖီးနစ်အဖွဲ့မှ မီးထွန်းဆုတောင်းပွဲ လုပ်ငန်းစဉ်များတွင် ပါဝင်ခဲ့ကြသူများနှင့် အလှူရှင်များအား ကျေးဇူးတင်စကားပြောကြားခြင်း၊ ဒေဝဆရာတော်မှ မီးထွန်းဆုတောင်းပေးခြင်း၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း လူငယ်စေတမာန် စီမံချက်မှ အကနှင့် သီချင်းများ ဖျော်ဖြေခြင်း၊ နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF-Holland) မှ ဆီချက်ခေါက်ဆွဲ နှင့် ဖျော်ရည်များ လှူဒါန်းခြင်းတို့ ပြုလုပ်ခဲ့ကြပါသည်။