U r always in my heart ❤ MSF
Thanks .... " MSF "
နယ်စည်းမထား ဆရာဝန်များအဖွဲ့ (ဟော်လန်) နဲ့ ရန်ကုန် စီမံချက်မှာ ...
၂၀၀၅ ခုနှစ်စလို့ ပေါ့စတစ်တွေ အတွက် ပေါ့စတစ်တွေနဲ့ အတူ လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရခဲ့တာ၊ ဆေးခန်းတွေရဲ့ ဝန်ဆောင်မှုတွေအပေါ် ပွင့်ပွင့်လင်းလင်း ထောက်ပြ အကြံပြုခွင့် Patient Feedback Mechanism လုပ်ခွင့် ရခဲ့တာ၊ ဆေးခန်းတွေမှာ peer supporter တွေအဖြစ် အလုပ်အကိုင်တွေ ဖန်တီးပေးပြီး patient တွေကို စောင့်ရှောက်ခဲ့တာ၊ Patient Gathering တွေကနေ Phoenix ဆိုပြီး အဖွဲ့ ဖြစ်လာတော့လည်း ရုံးနေရာကအစ လုပ်ငန်းလေးတွေ ဖြစ်လာအောင် ထောက်ပံ့ကူညီခဲ့တာ၊ နယ်ကလာတဲ့ လူနာတွေအတွက် Patient Shelter တွေ ဖွင့်နိုင်အောင် ပံပိုးပေးခဲ့တာ၊ ဝေဘာဂီ မင်္ဂလာဒုံ ဆေးရုံတွေမှာ Caregiver တွေအဖြစ် ဖီးနစ် ဆောင်ရွက်တဲ့အခါ နည်းပညာ ငွေကြေး ထောက်ပံ့မှုတွေနဲ့အတူ ဆေးရုံမှာ လုပ်ကိုင်ရ အဆင်ပြေအောင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပေးခဲ့တာ၊ ဆေးခန်းတိုင်းမှာ Phoenix အတွက် အခန်းတွေ စီစဥ်ပေးခဲ့တာ၊ ရန်ကုန်စီမံချက် နေရာတိုင်းကို လိုအပ်သလို သွားခွင့်ပြုပြီး သက်ဆိုင်ရာ ဆရာဝန်တွေကို အကူအညီလိုတိုင်း တောင်းခွင့်ပြုခဲ့တာ၊ ၂၀၀၈ မှာ US ရဲ့ International Visitor Leadership Program (IVLP) ပါဝင်ခွင့်အတွက် ပံပိုးပေးခဲ့တာ ....
ပြောမယ်ဆို ကုန်န်ိုင်ဖွယ်မရှိ ... ကိုယ်သာလျှင် အသိဆုံးပေါ့
ခုဆိုရင် MSF က အခြေပြုခဲ့တဲ့ ကိုယ့်အား ကိုယ်ကိုးအဖွဲ့ Self Help Group လေးဟာ Phoenix Association ဆိုပြီး ပြည်တွင်း လှုမှုရေး အဖွဲ့အဖြစ် တရားဝင် ရပ်တည် လာနိုင်တာကလည်း MSF နဲ့ ရန်ကုန်စီမံချက်က ဆရာ ဆရာမ ဝန်ထမ်းတွေရဲ့ မခွဲခြား ဆက်ဆံမှုနဲ့ နွေးထွေးတဲ့ မေတ္တာတွေကြောင့်မို့...
မကြာခင် စီမံချက်ရပ်လို့ ပြန်လည် ထွက်ခွာတော့မယ့် MSF အဖွဲ့ကြီးကို ဝမ်းနည်းစွာ နှုတ်ဆက်ရင်း ဂုဏ်ယူမှုများစွာနဲ့ အမှတ်တရ ❤ MSF ❤
Off