World TB Day (27th Mar, Moe Gaung)

၂၀၁၉ ခုနှစ်​ မတ်လ (၂၄) ရက်နေ့တွင် WORLD TB DAY အခမ်းအနားကို မိုးကောင်းမြို့ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

အခမ်းအနားသို့ အစိုးရဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ ရပ်မိရပ်ဖများ၊ NGOများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဧည့်သည်တော်များ နှင့် အလှူ ရှင်များ စုစုပေါင်း (၁၀၀) ကျော် တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကောင်းမြတ်စံမှ World TB Day နှင့်ပတ်သက်သော အကြောင်းအရာများ ရှင်းပြခဲ့ပါသည်။

World TB Day အခမ်းအနားအား မိုးကောင်းမြို့တွင် နှစ်စဉ် ကျင်းပခဲ့သည်မှာ ယခုနှစ်သည် တတိယအကြိမ် ဖြစ်ပါသည်။

တက်ရောက် ချီးမြှင့်ပေးခဲ့ပါသော လူကြီးမင်းများ၊ ဧည့်သည်တော်များနှင့် အခမ်းအနားဖြစ်မြောက်ရန် ဦးဆောင်ကြိုးပမ်းခဲ့ကြသော ဖီးနစ် လူမှုကူညီရေး အသင်း (မိုးကောင်း) အဖွဲ့ခေါင်းဆောင် ကိုညွန့်ဦး နှင့် အဖွဲ့သူ အဖွဲ့သားများအား ဖီးနစ်အဆိုစီရေးရှင်းမှ အထူးပင် မှတ်တမ်းတင် ဂုဏ်ပြုပါသည်။

Year: 

2019