



23 September 2019 ...
ဖီးနစ် အဆိုစီရေးရှင်း Educational Support Program (ESP-2019)မှ အဖွဲ့သို့ လျှောက်ထားကြသော ကျောင်းသား ကျောင်းသူများ၊ လူမှုရေး အဖွဲ့များ၊ ဗကကျောင်းများအား အစီအစဉ်တစ်ကျ ပေးအပ် လှူဒါန်း ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်တွင် ကြည့်မြင်တိုင်မြို့နယ် ဝါးရုံဆိပ်ရပ်ကွက်ရှိ သန္တိသုခ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း သို့လည်း ကျောင်းသုံးစာအုပ် ကရိယာများနှင့် ကျောင်းဝတ်စုံများအား သွားရောက် လှူဒါန်းခဲ့ပါသည်။
နှစ်စဉ် ဆောင်ရွက်နေသော ESP လှုပ်ရှားမှုအတွက် အနယ်နယ် အရပ်ရပ်မှ စေတနာထား လှူဒါန်းကြသူများအား ဖီးနစ် အဆိုစီရေးရှင်းမှ အထူးကျေးဇူးတင်ပါကြောင်း နှင့် လှူဒါန်းခဲ့ကြသူ အသီးသီးအား ရည်စူး၍ ယနေ့ ရေစက်ချ ကုသိုလ်ပြုမှုများကိုလည်း အားလုံး အမျှ ရကြပါစေကြောင်း ဖီးနစ် အဖွဲ့သူ အဖွဲ့သားများမှ ဆုတောင်း မေတ္တာ ပို့သအပ်ပါသည်။
Year:
2019