


ပြုစုစောင့်ရှောက်မှုလုပ်ငန်းအား ဆင်းရဲနွမ်းပါးပြီး၊ ပြုစုစောင့်ရှောက်သူကင်းမဲ့နေသော HIV ဝေဒနာရှင်များအတွက် ၂၀၀၆ခုနှစ်မှစတင်ပြီး ဝေဘာဂီအထူးကုဆေးရုံတွင်လုပ်ကိုင်ခဲ့ပြီး၊ ယခုအခါ မင်္ဂလာဒုံအထူးကုဆေးရုံတွင် နေ့ရောညပါ အနီးကပ်ပြုစုစောင့်ရှောက်ခြင်းလုပ်ငန်းအား အခမဲ့ဝန်ဆောင်မှုဖြင့် လုပ်ဆောင်ပေးလျှက်ရှိပါသည်။
ဆေးရုံတွင်ဆုံးပါးသွားသော လူနာများအတွက် နာရေးကူညီမှုလုပ်ငန်းကိုလည်း ဆက်လက်ကူညီပေးလျှက်ရှိပါသည်။ HIVပိုးရှိသောဝေဒနာရှင်များအတွက် ကုသရေးလုပ်ငန်းအား ၂၀၁၂ခုနှစ်မှစတင်ကာ ART(ပိုးထိန်းဆေး)တိုက်ကျွေးခြင်း၊ နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ အိမ်တိုင်ရာရောက်စောင့်ရှောက်ခြင်း၊ အဟာရထောက်ပံ့ခြင်း၊ နာရေးစရိတ်ထောက်ပံ့ခြင်း၊ ခရီးစရိတ် ထောက်ပံ့ခြင်းနှင့် HIV ပိုးရှိမရှိ စစ်ဆေးပေးခြင်း ဝန်ဆောင်မှု လုပ်ငန်းများအား အခမဲ့ ဝန်ဆောင်မှုများ ပေးလျှက်ရှိပါသည်။
နယ်ဝေးမှ ဆေးဝါး လာရောက် ကုသသော လူနာများ ယာယီ တည်းခိုနိုင်ရန်အတွက် အခမဲ့ ခေတ္တတည်းခို နားနေဆောင်အား ဖွင့်လှစ်ထားပေးပြီး ဆေးဝါး ကုသမှုရယူနိုင်အောင် ချိတ်ဆက် ဆောင်ရွက်ပေးလျှက် ရှိပါသည်။