CSO Workshop Meeting

"Local Action Towards TB-Free Myanmar" "တီဘီကင်းစင် မြန်ပြည်တစ်ခွင် ရှေးရှုနိုင်ဖို့ ကြိုးစားစို့" စီမံချက်" မှ လူထုအခြေပြု တီဘီရောဂါတိုက်ဖျက်ရေးကွန်ရက် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Best Western Green Hill (Phoe Sein) Hotel တွင် ကျင်းပပြီးစီးခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲသို့ လူထုအခြေပြု တီဘီရောဂါတိုက်ဖျက်ရေးကွန်ရက်၏ တိုင်း နှင့် ပြည်နယ် ကိုယ်စားလှယ်များ၊ တီဘီချန်ပီယံများ၊ စီမံချက် ဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေး‌ပွဲတွင် တိုင်း နှင့် ပြည်နယ် အသီးသီးမှ ကိုယ်စားလှယ်များမှ သက်ဆိုင်ရာ တိုင်း နှင့် ပြည်နယ်အလိုက် ကွန်ရက်၏ လက်ရှိအခြေအနေများကို မျှဝေခဲ့ကြပါသည်။ တိုင်း နှင့် ပြည်နယ် အသီးသီးရှိ တီဘီချန်ပီယံများမှလည်း တစ်ဦးချင်းစီအလိုက် တီဘီရောဂါ တိုက်ဖျက်ရေးနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေသောလုပ်ငန်းများ နှင့် လုပ်ငန်းအတွေ့အကြုံများကို မျှဝေခဲ့ပါသည်။ ထို့နောက် လူထုအခြေပြု တီဘီရောဂါတိုက်ဖျက်ရေးကွန်ရက်မှ တိုင်း နှင့် ပြည်နယ်အသီးသီးရှိ ကိုယ်စားလှယ်များ၏ တာဝန်ဝတ္တရားများနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများ၊ အခက်အခဲများ၊ စိန်ခေါ်မှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများ နှင့် လူထုအခြေပြု တီဘီရောဂါတိုက်ဖျက်ရေးကွန်ရက်၏ လက်ရှိချိတ်ဆက်ဆောင်ရွက်နေမှု အခြေအနေများကို အဖွဲ့လိုက် ဆွေးနွေးခဲ့ကြပါသည်။
 

Year: 

2023