Discussion about TB service to be fully accessable and challanges in current situation

"တီဘီကင်းစင် မြန်ပြည်တစ်ခွင် ရှေးရှုနိုင်ဖို့ ကြိုးစားစို့" – “Local Action Towards TB-Free Myanmar “ စီမံချက်မှ ကျင်းပသော 2022 ခုနှစ် ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် “မျက်မှောက်ကာလ တီဘီရောဂါဝန်ဆောင်မှုများ လက်လှမ်းမှီရရှိနိုင်ရေးနှင့် စိန်ခေါ်မှုများ” စကားဝိုင်းဆွေးနွေးပွဲကို ၂၀၂၂ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့တွင် zoom online ဖြင့် ကျင်းပပြီးစီးခဲ့ပါသည်။ အခမ်းအနားကို အစီအစဉ် (၉) ရပ်ဖြင့်ကျင်းပခဲ့ပါသည်။ အခမ်းအနားကို Pamela Fessenden (Acting Mission Director, USAID), ဒေါ်နွယ်ဇင်ဝင်း (Excutive Director, Pyi Gyi Khin) နှင့် ဆရာကြီး ဒေါက်တာ ဦးဝင်းမောင် (နာယက၊ Myanmar Anti-TB Association (MATA) ) တို့မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါ သည်။ ဆက်လက်၍ အခမ်းအနားကို Local Action Towards TB-Free Myanmar စီမံချက် အကြောင်း အကျဉ်းချုပ်ကို ဒေါက်တာလင်းလင်း (Program Manager) မှ ရှင်းလင်းတင်ပြခဲ့ပြီး၊ ဒေါက်တာ အောင်ကိုကို (Technical Manager, FHI 360) မှ ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့ ဖြစ်ပေါ်လာပုံ၊ ၂၀၂၂ ခုနှစ် ကမ္ဘာ့တီဘီ ရောဂါတိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်နှင့်လက်ရှိတီဘီရောဂါအခြေအနေများအကြောင်း တင်ပြဆွေးနွေးခဲ့ပါသည်။ မျက်မှောက်ကာလ တီဘီရောဂါဝန်ဆောင်မှုများ လက်လှမ်းမှီရရှိနိုင်ရေးနှင့် စိန်ခေါ်မှုများ စကားဝိုင်းဆွေးနွေးပွဲကို Moderator အဖြစ် ဦးသီဟကြိုင် (Executive Director, Phoenix Association) မှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ဆရာကြီး ဒေါက်တာဦးဝင်းမောင် (နာယက၊ Myanmar Anti-TB Association (MATA) )၊ ဒေါက်တာ ချမ်းငြိမ်း (Program Coordinator, Pyi Gyi Khin)၊ ဒေါ်နိုင်နိုင်မော်၊ ဒေါ်မိုးသန္တာချစ်တို့မှ ပါဝင်ဆွေးနွေးပေးခဲ့ပါ သည်။ တက်ရောက်သူများမှ စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်သူများနှင့် အချင်းချင်းမေးမြန်းဆွေးနွေးမှုများ ပြုလုပါခဲ့ပါသည်။ ထို့နောက်ဆွေးနွေးခဲ့တဲ့ အကြောင်းအရာများနှင့် ပတ်သက်ပြီး အနှစ်ချုပ်တင်ပြဆွေးနွေးခြင်းကို ဒေါက်တာ ဖြိုးဝေထွန်း (Team lead, LATT-M, FHI 360) မှဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာကျင်းပခဲ့ပါသည်။
 

Year: 

2022