Local Action Towards TB-Free Myanmar (တီဘီကင်းစင် မြန်ပြည်တစ်ခွင် ရှေးရှုနိုင်ဖို့ ကြိုးစားစို့) စီမံချက်မှာ အတူတူပူးပေါင်းဆောင်ရွက်မည့် အဖွဲ့တစ်ခုဖြစ်သည့် FHI360 အဖွဲ့နှင့် မိတ်ဆက်ပေးချင်ပါတယ်။
FHI360 သည် အပြည်ပြည်ဆိုင်ရာ အကျိုးအမြတ်အတွက်မဟုတ်သော အဖွဲ့အစည်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘာတဝှမ်းရှိပြည်သူများ၏ ကျန်းမာရေးနှင့် ကောင်းကျိုးသုခတို့ကို တိုးတက်စေရန် လုပ်ဆောင်နေပါသည်။
ကျွန်ုပ်တို့သည်အစိုးရများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အလုပ်များဖန်တီးရန်၊ ကလေးများပညာသင်ကြားရန်၊ အသက်ကယ်ကျန်းမာရေးစောင့်ရှောက်မှုပေးရန် နှင့် ပိုမိုကောင်းမွန်သော လူမှုဘဝပြောင်းလဲမှုများဖြစ်ပေါ်ရန် သုတေသနပြုလုပ်ထားသော သက်သေအထောက်အထားများကို အသုံးပြု၍ တိုးတက်ကောင်းမွန်စေမည့် အစီအစဥ်များ ရေးဆွဲခြင်း၊ အမူအကျင့်ပြောင်းလဲရန်၊ ဝန်ဆောင်မှုများကို လက်လှမ်းမှီစေရန် နှင့် လူမှုဘဝများတိုးတက်စေရန် အကောင်အထည်ဖော်ခြင်းတို့ဖြင့် လုပ်ဆောင်လျက်ရှိပါသည်။
ကျွန်ုပ်တို့၏ ကျွမ်းကျင်ဝန်ထမ်းအင်အား ၄၀၀၀ ကျော်သည် ကမ္ဘာတလွှားရှိနိုင်ငံပေါင်း ၆၀ ကျော်တွင် အလုပ်လုပ်နေကြပါသည်။ ၎င်းတို့၏ ကျယ်ပြန့်သော သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အသီးသီးတွင် ကျွမ်းကျင်မှု နှင့် ဒေသဆိုင်ရာအခြေအနေများကို နက်နက်နဲနဲနားလည်မှု တို့သည် ၃၆၀ ဒီဂရီရှုထောင့်ပြည့်ကို ဖြစ်ပေါ်စေပြီး ကျွန်ုပ်တို့အား အလွန်ခက်ခဲသော လူသားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိန်ခေါ်မှုများကို သင့်လျော်သောတုံ့ပြန်မှုများဖြင့် စွမ်းဆောင်နိုင်စေပါသည်။