Profile

Local Action Towards TB-Free Myanmar (တီဘီကင်းစင် မြန်ပြည်တစ်ခွင် ရှေးရှုနိုင်ဖို့ ကြိုးစားစို့) စီမံချက်ကို USAID ၏ ရန်ပုံငွေအကူအညီဖြင့် ပြည်ကြီးခင်အဖွဲ့မှ ဦးဆောင်၍ FHI 360, ဖီးနစ် အဖွဲ့တို့နှင့် အတူတကွ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ စီမံချက်ပန်းတိုင်မှာ (၂၀၃၅) ခုနှစ်တွင် မြန်မာနိုင်ငံတွင်တီဘီရောဂါပပျောက်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးဖြစ်သည်။ စီမံချက်၏ရည်ရွယ်ချက်မှာ မိမိတို့ ရပ်ရွာလူမှုအသိုင်းအဝိုင်းများမှ အများပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သော ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုပုံစံ နှင့် လက်တွေ့ဆောင်ရွက်ပေးမှုတို့ကို တီဘီ ရောဂါ ခံစားနေရသူများ အကျိုးကျေးဇူးရရှိစေရန်အတွက် ဆောင်ရွက်ရာတွင် ပိုမိုတက်ကြွသည့် အခန်း ကဏ္ဍမှ ပါဝင်နိုင်စေရန် ဖြစ်ပါသည်။ စီမံကိန်းကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့တွင် စတင်မိတ်ဆက်၍ အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါသည်။

https://www.facebook.com/watch?v=583032609552182

Year: 

2021