



August, 2021
Local Action Towards TB-Free Myanmar - "တီဘီကင်းစင် မြန်ပြည်တစ်ခွင် ရှေးရှု့နိုင်ဖို့ ကြိုးစားစို့ " စီမံချက်မှ Peer Gathering (ဘဝတူများ ရင်းနှီးတွေ့ဆုံမျှဝေပွဲ)ကို ပုဌောရွာ၊ ပြည် (ပဲခူးတိုင်း)၊ မြောင်းမြ (ဧရာဝတီတိုင်း)၊ ရွှေဘို (စစ်ကိုင်းတိုင်း) တို့၌ ၂၀၂၁ ခုနှစ် August လတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဘဝတူ Peer များတက်ရောက်ခဲ့ပါသည်။ တွေ့ဆုံပွဲများကို COVID-19 ကျန်းမာရေးစည်းမျဉ်းစည်းကမ်းများ အတိုင်းကျင်းပခဲ့ကြပြီး တီဘီဆေးသောက်စဥ်ကြုံတွေ့ရသောအခက်အခဲများ. နှင့်ဖြေရှင်းနည်းများကိုအတွေ့ကြုံဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ အရေးပေါ်ကာလတွင် တီဘီနှင့်ပတ်သတ်သောသတင်းအချက်အလက်များလူထုအတွင်းသိရှိရန်နှင့်ဆေးမပြတ်စေရန်အတွက် online media မှတဆင့် Messenger group , Facebook Group များသို့၀င်ရောက်၍ဆွေးနွေးကူညီပေးခဲ့ပါသည်။ ရန်ကုန်တိုင်းတွင် COVID-19 ရောဂါ ကူးစက်မှု့မြင့်မားနေသောကာလဖြစ်၍မကျင်းပနိုင်ခဲ့ပါ။
Year:
2022