25th May, 2022
“တီဘီကင်းစင် မြန်ပြည်တခွင် ရှေးရှုးနိုင်ဖို့ ကြိုးစားစို့” – “Local Action Towards TB-Free Myanmar” စီမံချက်မှ “လူထုအခြေပြု တီဘီရောဂါတိုက်ဖျက်ရေးကွန်ရက် (TB Community Network)” ပုံမှန်အစည်းအဝေးကို ပြည်သူလူထုအခြေပြုအဖွဲ့အစည်းများ၊ ပရဟိတအသင်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့်အတူ ၂၀၂၂ ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင် ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်သူလူထုအခြေပြုအဖွဲ့အစည်းများ၊ ပရဟိတအသင်းများ နှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ လိုအပ်သော စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရန်အတွက် အဖွဲ့အစည်းစွမ်းဆောင်ရည် ဆန်းစစ်ချက်များ ပြုလုပ်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် အဖွဲ့အစည်းစွမ်းဆောင်ရည် ဆန်းစစ်ခြင်းနှင့်ပတ်သက်သော မေးခွန်းများကို အသေးစိတ်ရှင်းလင်းတင်ပြ၍ ဆွေးနွေးမေးမြန်းခြင်းများ ပြုလုပ်ခဲ့ပါသည်။ နောက်လအတွက် ပုံမှန်အစည်းအဝေး ပြန်လည်တွေ့ဆုံမည့်ရက်ကိုလည်း သတ်မှတ်သဘောတူခဲ့ကြပါသည်။
Year:
2022