Phoenix Association (မြောက်ဥက္ကလာ) ရုံးခွဲတွင် ၂၀၁၂ခုနှစ်မှစတင်၍ HIVစစ်ဆေးပေးခြင်း ၊ HIVပိုးကူးစက်ခံထားရသူများအား မှန်ကန်သော ဆေးကုသမှုရရှိစေရန် ညွှန်းပို့ပေးခြင်း ၊ နှစ်သိမ့်ဆွေးနွေးပေးခြင်း ၊ အိမ်တိုင်ရာရောက်ပြုစုပေးခြင်း ၊ လစဉ်တွေ့ဆုံပွဲများပြုလုပ်ပေးခြင်း ၊ အာဟာရထောက်ပံ့ပေးခြင်း ၊ ဆေးရုံတက်စရိတ်ထောက်ပံ့ပေးခြင်း စသည့်ဝန်ဆောင်မှုများအား Global Fund ၏ ရန်ပုံငွေဖြင့် International HIV/AIDS Alliance (Maharmate Myanmar) နှင့် ပူးပေါင်းကာဆောင်ရွက်လျက်ရှိပါသည် ။ ၂၀၁၉ခုနှစ် အထိ လူနာပေါင်း (၁၁၀၀)ခန့်အား ဆေးရရှိအောင်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည် ။ Phoenix Association ( Care,Support &Treatment Project) အမှတ် (၁၁၂) ၊ သုဓမ္မာလမ်း ၊ (ဌ) ရပ်ကွက် ၊ မြောက်ဥက္ကလာ ဖုန်း... ၀၉-၂၆၀-၅၆၃၀၅၇