“ပြည်သူလူထု လူထုပူးပေါင်းပါဝင်သော တရားဥပဒေ အကူအညီပေးခြင်း ကနဦးစီမံချက်”

“Community Participatory Legal Aid Initiative Project”

ဖီးနစ်အဖွဲ့သည် USAID/PRLP ၏ ရန်ပုံငွေထောက်ပံ့မှု အစီအစဉ်ဖြင့် ၂၀၁၇ ခုနှစ် မေလမှ ၂၀၁၈ ခုနှစ် မေလထိ “ ပြည်သူလူထု ပူးပေါင်းပါဝင်သော တရားဥပဒေ အကူအညီပေးခြင်း ကနဦးစီမံချက် ” ကို ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာမြို့နယ်နှင့်  မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်  ပြည်ကြီးတံခွန် မြို့နယ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်းသည် အထူးသဖြင့် ဖယ်ကျဉ်ခံထား ရသည့် လူအုပ်စုများ အတွက် ဥပဒေရေးရာ အထောက်အကူ ရရှိနိုင်စေရန် လုပ်ဆောင်ပေးခဲ့ပါသည်။ စီမံကိန်း၏ ရည်ရွယ်ချက်သည် ကျူးလွန်ခံရသူ (သို့) ဘေးအန္တရာယ်မှ လွတ်မြောက်လာသူများ အပါအဝင် ဥပဒေရေးရာ အထောက်အကူများ ပိုမိုပံ့ပိုးပေးနိုင်ရန် နှင့် မြန်မာနိုင်ငံ တစ်ဝှမ်းလုံး တရားမျှတမှုကို ဖော်ဆောင်နိုင်ရန် ဖြစ်သည်။ ဥပဒေရေးရာ အထောက်အကူဆိုသည်မှာ တရားရုံးတွင် ကိုယ်စားပြုပေးခြင်း၊ ဥပဒေရေးရာ အတိုင်ပင်ခံခြင်း၊ တရားရေး စာရွက်စာတမ်းများ ပြင်ဆင်ပေးခြင်း၊ အခကြေး ငွေမယူဘဲ ပြေလည်အောင် ကြားဝင်စေ့စပ်ညှိုနှိုင်းပေးခြင်း၊ အခကြေးငွေမယူဘဲ ဥပဒေရေးရာ အကျိုးဆောင်ပေးခြင်း တို့ဖြစ်သည်။ ဖီးနစ်အဖွဲ့မှ ထိုစီမံကိန်းတွင် ကျား၊မ အခြေပြု အကြမ်းဖက်မှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ် အမြတ်ထုတ်မှု၊ လူကုန်ကူးမှု ကျူးလွန်ခံရခြင်း စသည့် အမှုများအတွက် ဥပဒေဆိုင်ရာ အကူူအညီပေး အခမဲ့ လိုက်ပါဆောင်ရွက် ပေးခဲ့ပါသည်။ ဖီးနစ်အဖွဲ့မှ ထိုစီမံကိန်းတွင် စီမံကိန်းကာလ (၁) နှစ်တာ အတွင်း အောက်ပါဝန်ဆောင် မှုများကို အမှန်တစ်ကယ် ထိခိုက်နစ်နာခံစားခဲ့ရ သူများသို့ ထောက်ပံ့ အကူအညီ ပေးနိုင်ခဲ့ပါသည်။

  • ကျား/မ အခြေပြု အကြမ်းဖက်မှုများ၊ အိမ်တွင်း အကြမ်းဖက်မှုများ တွင် ထိခိုက်နစ်နာ ခံစားရသူများအတွက် အခမဲ့ ရှေ့နေအကူအညီပေး လိုက်ပါဆောင်ရွက်ခြင်း (၈) မှု - Court Representation Case
  • တရားရုံးတွင် ရှေ့နေ အကူအညီပေး လိုက်ပါဆောင်ရွက် ပေးနိုင်ခဲ့သော အမှု (၈) မှုမှာ
  • ကာမလိင်လည်ရယူမှု - (၂) မှု
  • အမျိုးသမီးများ အပေါ် အကြမ်းဖက် နာကျင်စေမှု - (၂) မှု
  • ပြည်တန်ဆာအက်ဖြင့် စွပ်စွဲဖမ်းဆီးခံရမှု - (၂) မှု
  • မှောင်ရိပ်ခိုမှုဖြင့် စွပ်စွဲဖမ်းဆီးခံရမှု - (၁) မှု
  • မိခင်ထံ သားသမီးအားပြန်လည် ပေးအပ်ရန် ပျက်ကွက်မှု - (၁) မှု
  • ကျား/မ အခြေပြု အကြမ်းဖက်မှုများ၊ အိမ်တွင်း အကြမ်းဖက်မှုများနှင့် လူကုန်ကူးမှုများ တွင် ထိခိုက်နစ်နာ ခံစားရသူများအတွက် - Legal Advice and other services များ အဖြစ်
  • (Legal Advice)
  •  (Counselling)
  • (Mediation)
  • (Preparation for Case Process)
  • (Referral System)
  • (Safe House) ဝန်ဆောင်မှုတို့ကို ရန်ကုန် စီမံချက်ဧရိယာတွင် အထက်ပါ ကိစ္စရပ်များ နှင့် ဆက်စပ်သော အမှုပေါင်း(၂၀၀) အတွက် ဝန်ဆောင်မှုပေးနိုင်ခဲ့ပြီး မန္တလေး စီမံချက်ဧရိယာတွင် အမှုပေါင်း (၃၀၀) ကို ဝန်ဆောင်မှု ပေးနိုင်ခဲ့ပါသည်။
  • တရားခွင်သို့ လွယ်ကူချောမွေ့စွာ ရောက်ရှိပြီး မိမိတို့၏ တရားမျှတမှု အတွက် ဥပဒေ၏ရှေ့မှောက်တွင် ရဲဝံ့စွာ ထွက်ဆိုနိုင်အောင် အကူအညီပေး လိုက်ပါ ဆောင်ရွက်ပေးသော အမှု(၁၂) မှုတို့ကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ ရန်ကုန် စီမံချက်ဧရိယာတွင် အမှုပေါင်း(၆)မှု အတွက် ဝန်ဆောင်မှုပေးနိုင်ခဲ့ပြီး မန္တလေး စီမံချက်ဧရိယာတွင် အမှုပေါင်း (၆)မှု ကို ဝန်ဆောင်မှု ပေးနိုင်ခဲ့ပါသည်။ (Pre-Trial Legal Aid Process)
  • Pre-Trial Legal Aid Process Case အမှု (၁၂) မှုမှာ
  • သက်ငယ်မုဒိန်းမှု - (၅) မှု
  • အမျိုးသမီးများ အပေါ်အကြမ်းဖက် နာကျင်စေမှု - (၂) မှု
  • ခိုးယူ ပေါင်းသင်းခံရမှု - (၁) မှု
  • ကာမလိမ်လည် ရယူခံရမှု - (၂) မှု
  • အလိုမတူဘဲ သားမယား ပြုကျင့်ခံရမှု - (၁) မှု
  • ခြိမ်းခြောက် ရန်ရှာခံရမှု - (၁) မှု  တို့ကို ထိခိုက်ခံစား ခဲ့ရသော အမျိုးသမီး နှင့် ကလေးသူငယ်များ အတွက် ရန်ကုန်၊ လှိုင်သာယာနှင့် မန္တလေးတို့တွင် အကူအညီပေး ဝန်ဆောင်မှု ပေးနိုင်ခဲ့ပါသည်။
  • လှိုင်သာယာ မြို့နယ်နှင့် မဟာအောင်မြေ မြို့နယ် တို့တွင် ရပ်ရွာတွင်း တရားဥပဒေ စိုးမိုးရေး ဆိုင်ရာ တက်ကြွလှုပ်ရှားသူ (၃၀) ဦးစီအား ဖီးနစ်အဖွဲ့မှ တရားဥပဒေ စိုးမိုးမှု ဆိုင်ရာ အသိပညာများအား မျှဝေပေးသော အမြင်ဖွင့် သင်တန်းကို (၅) ရက်တာ ပြုလုပ်ပေးခဲ့ပြီး မိမိတို့ရပ်ရွာ များအတွင်း တရားဥပဒေစိုးမိုးရေး ဆိုင်ရာ လုပ်ငန်းများတွင် တက်ကြွစွာပါဝင် ဆောင်ရွက်ကြမည့် “Community Mobilizer” များအဖြစ် မွေးထုတ် ပေးနိုင်ခဲ့ပါသည်။
  • မြို့နယ်တွင်း တရားဥပဒေ စိုးမိုးရေး နှင့် ပတ်သက်သော လုပ်ငန်းများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အစိုးရဌာနဆိုင်ရာများ နှင့် အရပ်ဖက် အဖွဲ့အစည်းများအား ပေါင်းစပ်ညှိုနှိုင်းပေးသော အစည်းအဝေးများကိုလည်း (၃) ကြိမ် ကျင်းပပြု လုပ်ပေးနိုင်ခဲ့ပါသည်။
  • Legal Service Booklets အုပ်ရေ (၁၀၀၀) ကိုလည်း ထုတ်ဝေဖြန့်ချိ ပေးနိုင်ခဲ့ပါသည်။