“အမြင်ဖွင့် ပူးပေါင်းဆောင်ရွက် တရားမျှတမှု အတွက် ”

PEACE – LRC & Phoenix

PEACE စီမံချက်သည် ဥရောပသမဂ၏ ရန်ပုံငွေ ပံ့ပိုးမှု အစီအစဉ်ဖြင့် ဖီးနစ်အဖွဲ့နှင့် ဖွံံံ့ံဖြိုးရေးမဏ္ဍိုင် အဖွဲ့တို့ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိသည့် စီမံချက်ဖြစ်ပါသည်။ စီမံချက်ကို ၂၀၁၈ ခုနှစ် ဇူလိုင်လမှ ၂၀၂၀ ခုနှစ် ဇန်နဝါရီလအထိ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ဖီးနစ်အဖွဲ့မှယခုစီမံချက်ကို လှိုင်သာယာမြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ စီမံချက်သည် ပြည်သူလူထု၏ တရားမျှတမှု၊ အစိုးရဌာနဆိုင်ရာများနှင့် ပြည်သူများကြား မျှတသော၊ တာဝန်ခံမှု အပြည့်ရှိသော အရပ်ဖက်ပူးပေါင်းပါဝင်မှု တစ်ရပ်ကို မြှင့်တင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ရည်ရွယ်ပါသည်။ စီမံကိန်းမှ ၂၀၁၈ ခုနှစ်တွင်း အကောင်အထည် ဖော်ဆောင်ခဲ့သော လုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  • စီမံချက် မိတ်ဆက်ပွဲ အသိပေးတင်ပြခြင်း (၁) ကြိမ်
  • လှိုင်သာယာ မြို့နယ်တွင်း လူမှုရေး လုပ်ငန်းဆိုင်ရာ စိတ်ပါဝင်စားသူများ ၊ အသိပညာပေး လုပ်ငန်း ဆိုင်ရာ စိတ်ပါဝင်စားသူများထဲမှ (၃၀) ဦးအား ရွေးချယ်ကာ ဥပဒေဆိုင်ရာ အခြေခံအသိပညာ များနှင့် ပြည်သူ့နီတိ အသိပညာများအား ဆရာဖြစ် သင်တန်းအဖြစ် ကျင်းပပြုလုပ်ပေးကာ မိမိတို့ ရပ်ရွာများအတွင်း ပြန်လည်ဆင့်ပွား အသိပညာ ဖြန့်ဝေနိုင်မည့် ဆရာ ဖြစ်သင်တန်းကို (၁) ကြိမ် ပြုလုပ်ပေးခဲ့ပါသည်။
  • ပြည်သူလူထုနှင့် ဌာနဆိုင်ရာများကြား ကြုံတွေ့နေရသော အခက်အခဲများ နှင့် ပြသနာရပ်များအတွက် ပေါင်းစပ်ညှိုနှိုင်း အဖြေရှာသော ပေါင်းစပ်ညှိုနှိုင်း အစည်းအဝေး (၁) ကြိမ်ကို ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

   မှတ်ချက် ။  ။ ၂၀၁၉ ခုနှစ်တွင် စီမံချက်မှ လူထုဆိုင်ရာ အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲ (၁၉ ) ကြိမ် နှင့် (၃) လပတ် ပေါင်းစပ်ညှိုနှိုင်း အစည်း အဝေးများကို ဆက်လက် အကောက်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။