Drug Use (Myanmar Version)

မူးယစ်ဆေးသုံးခြင်း

ကျွန်တော်တို့အနေနဲ့ ကိုယ်နဲ့နီးစပ်ရာ လူတယောက်/လူငယ်တယောက် မူးယစ်ဆေးတွေ သုံးနေတယ် လို့ သိလိုက်ရတဲ့အခါ စိတ်ထဲမှာ ရုတ်တရက်ဘယ်လိုဖြစ်သွားလဲ...ဆိုတာ စဉ်းစားကြည့်စေချင်ပါတယ်...။

စိတ်ပူသွားသလား....။

ကိုယ့်သူငယ်ချင်း...သားသမီး...နီးစပ်ရာသွေးသားထဲက ဆိုရင်...ကိုယ့်စိတ်ထဲ ဘယ်လိုဖြစ်သွားသလဲ?

ကိုယ့်စိတ်ထဲပေါ်လာတာတွေကို...’ဘာကြောင့် ငါ ဒီလိုတွေးရတာလဲ၊ ဒီလိုမြင်ရတာလဲ’..လို့ရော စဉ်းစားမိကြ ပါသလား...။

ကျွန်‌တော်တို့...စိတ်ထဲမှာ...ဒီကောင် ဆေးသမားကြီးလို့မြင်လိုက်တာမျိုးရှိကောင်းရှိမယ်..။ ပြဿနာပဲ...လို့ မြင်မိတာလဲ...ရှိမယ်...။

ဒါတွေဟာ...ကျွန်‌တော်တို့စိတ်ထဲမှာ မှတ်ယူထားတဲ့ အမြင်တွေကြောင့်ပါ။ အရင်က ကြားဖူးတွေ့ဖူးတာတွေ...၊ တစ်စွန်းတစ်စ ဖတ်ဖူးတာတွေ အကြောင်းပြုပြီး မှတ်ထားမိတဲ့ စိတ်တွေကြောင့်ပါ...။

ဒါပေမဲ့...အဲဒီလိုမှတ်ထားတာဟာ....နည်းလမ်းမှန်ရဲ့လား...သူ့သဘောတရားအမှန်လားဆိုတာ သိသင့်ကြပါတယ်..။

လူအများက...မူးယစ်ဆေးတွေကို သွားမထိနဲ့...ငြိသွားလိမ့်မယ်..စွဲသွားရင် သွားပြီ..ဘာမှလုပ်မရဘူး...စတဲ့ အမြင်မျိုးတွေကြောင့်ပါ။

ဒါဆိုရင်....

မူးယစ်ဆေးသုံးတာတွေ့တိုင်း...ဆေးစွဲနေပြီ...ဆေးသမားပဲ...လို့ ကောက်ချက်ချသင့်ပါရဲ့လား....။

ဒါတွေဟာ...သုံးစွဲပုံ (pattern) တွေသာ ဖြစ်ပါတယ်....။ တခါတလေ စမ်းသုံးကြည့်သူ...သုံးတတ်တဲ့ သူငယ်ချင်းတွေနဲ့ ဆုံတဲ့အခါ သုံးတတ်သူ....ရံဖန်ရံခါသုံးတတ်သူ...ပုံမှန်သုံးလေ့ရှိသူ...မသုံးရရင် မနေနိုင်သူ စ သည်ဖြင့် သုံးစွဲပုံအမျိုးမျိုး ရှိနေနိုင်ပါတယ်...။

ဒါကြောင့်...မူးယစ်ဆေးသုံးနေတာ တွေ့ရုံ၊ သိရုံလေးနဲ့...ဆေးမသုံးရ မနေနိုင်အောင် စွဲနေတဲ့သူလို မြင်လို့ မရပါဘူး...။

ဒီလိုပြောကြတဲ့အခါမှာ...လိုအပ်လာတာက သိပ္ပံနည်းကျအထောက်အထားပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂနိုင်ငံတွေမှာ သုတေသနလုပ်ထားတာကိုလဲ...မျှဝေပေးပါရစေ....။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေမှာ လုပ်ခဲ့တဲ့လေ့လာမှုဖြစ်တဲ့အတွက် လူဦးရေက သန်းနဲ့ချီပါတယ်...။  

သူတို့က..မူးယစ်ဆေးတွေဟာ အလွယ်တကူသာ စွဲစေတတ်တယ်ဆိုရင် အရင်က တခါတလေ ဖြစ်ဖြစ် သုံးဖူးတဲ့ သူတွေဟာ မူးယစ်ဆေးစွဲသွားမှာပဲ...ဆိုတဲ့ အချက်ကို အဖြေရှာဖို့ သုတေသနလုပ်ကြည့်ခဲ့ ပါတယ်...။

သုတေသနမှာ အရင်က ဆေးသုံးဖူးတယ် ဆိုတဲ့ လူတွေနဲ့ လွန်ခဲ့သောတစ်နှစ်အတွင်း ဆေးသုံးခဲ့တယ်..လို့ ဖြေဆိုတဲ့ သူတွေကို နှိုင်းယှဉ်ကြည့်ခဲ့ပါတယ်...။ အရင်က ဆိုတာ လွန်ခဲ့သော ဘယ်နှစ်နှစ်ကပဲ ဖြစ်ဖြစ်... သုံးခဲ့သူတွေကို ရေတွက်ပါတယ်...။ အဲဒီလို..လေ့လာကြည့်လိုက်တဲ့အခါမှာ..အောက်က ပုံမှာပြထားသလို ကွာခြားနေတာကို တွေ့ရမှာပါ...။ အလွယ်တကူမြင်သာအောင်အတွက် ဇယားလေးဆွဲပြီး ဖော်ပြထားပါတယ်။

မူးယစ်ဆေး

အမျိုးအစား

ယခင်က မူးယစ်ဆေး သုံးဖူးသူ

လွန်ခဲ့သော နှစ်အတွင်းသုံးသူ

ဆေးခြောက်

၈၇.၇ သန်း

၂၃.၅ သန်း

ကိုကင်း

၁၇.၅ သန်း

၃.၅ သန်း

အက်စတေစီ

၁၄.၀ သန်း

၂.၇ သန်း

အမ်ဖက်တမင်း

၁၂.၅ သန်း

၁.၈ သန်း

မူးယစ်ဆေးတွေက အလွယ်တကူ စွဲစေတတ်တယ် ဆိုရင် အဲဒီဂဏန်း နှစ်ခုဟာ သိပ်ကွာခြားမှုရှိမှာ မဟုတ်ပါ။ အခုတော့...သိသိသာသာကွာခြားနေတဲ့အတွက် အများစုစိတ်ထဲ ထင်ကြသလောက် မဟုတ်ဘူးဆိုတာ တွေ့နိုင်ပါတယ်...။ ဒီလို ရှင်းပြနေခြင်းဟာ...မူးယစ်ဆေးသုံးတာနဲ့ပတ်သက်လို့ သဘောတရားအမှန်ကို သိစေချင်လို့ ဖြစ်ပါတယ်...။ ဒီလိုသိခြင်းအားဖြင့်...လိုအပ်သလိုကူညီပေးရတဲ့အခါ၊ ကြုံတွေ့ရတဲ့အခါမှာ အမြင်မှား အစွဲမှားတွေကြောင့် နားလည်မှုလွဲမှားတာတွေ မဖြစ်စေဖို့အတွက်လည်း ဖြစ်ပါတယ်...။

ရည်ညွှန်း - အချက်အလက်များကို Global Commission on Drug Policy ၏ The World Drug Perception Problem: Countering Prejudices about People who Use Drugs အစီရင်ခံစာမှ ကိုးကားထားပါသည်။

 

(အထက်ပါ‌ဖော်ပြချက်များကို Phoenix Association က အကောင်အထည်ဖော်လျက်ရှိသော “Improving Enabling Environment through increased Drug Policy Awareness” စီမံချက်၏ အစိတ်အပိုင်းတစ်ခု အဖြစ်ဖော်ပြပေးခြင်းဖြစ်ပါသည်။ မူးယစ်ဆေးဝါးမူဝါဒဆိုင်ရာခေါင်းစဉ်များထဲမှ အလျဉ်းသင့်သလို ပုံမှန် တင်ပြ ပေးသွားမည်ဖြစ်ပါသည်။)

Year: 

2020