To Protect Drug Use (Triangle 19)

"မူးယစ်ဆေးသုံးတာ ... ကာကွယ်ဖို့"
***********************************
မိတ်ဆွေတို့အနေနဲ့ ... မိမိပတ်ဝန်းကျင်မှာ ... ဆွေမျိုးသားချင်းတွေထဲမှာ ... လူငယ်တွေ မူးယစ်ဆေးမသုံးအောင် ကာကွယ်ဖို့ စိတ်ကူးမိကြရဲ့လား မသိပါ ...။
လူငယ်တွေမူးယစ်ဆေးမသုံးစေချင်ဘူးဆိုရင် ... " သူတို့ဘာလို့ ... ဒီလိုသုံးမိကြသလဲကော စဉ်းစားမိကြပါရဲ့လား "....။
ကိုယ်နဲ့ နီးစပ်တဲ့သူတွေမှာ ... သုံးဖူးသူတွေ ရှိရင် မေးကြည့်၊ လေ့လာကြည့်သင့်ပါတယ် ...။
အနာသိမှ၊ ဆေးရှိမယ် ဆိုတဲ့ ... စကားလိုပေါ့ ...။
ကိုယ်နဲ့ နီးစပ်ရာမှာရှိတဲ့ မူးယစ်ဆေးသုံးဖူးသူတွေကို အဆိုးမြင်တဲ့အမြင်တွေမထားပဲ ... တကယ်ကို သိချင်တဲ့ စိတ်နဲ့လေ့လာကြည့်သင့်ပါတယ် ....။
တရားမဝင် မူးယစ်ဆေးဝါးတွေဖြစ်တဲ့ ဘိန်းဖြူ၊ ဆေးခြောက်၊ စိတ်ကြွဆေး ...
စတဲ့ သုံးတဲ့သူတွေပဲဖြစ်ဖြစ်...
တရားဝင်သုံးနေကြတဲ့ ... ကွမ်းစားတဲ့သူ၊ ဆေးလိပ်သောက်တဲ့သူ၊ အရက်/ဘီယာသောက်တဲ့သူတွေကိုလဲ မေးမြန်းစူးစမ်းကြည့်သင့်ပါတယ် ...။
ဒါမှမဟုတ် ... ကိုယ်လဲ တခါတလေ ... သောက်ဖူးစားဖူးတဲ့ အတွေ့အကြုံရှိရင် ... ပြန်ပြီး ကိုယ့်ဟာကိုယ် မေးခွန်း ထုတ်ကြည့်သင့်ပါတယ် ....။
ဘာကြောင့် ... သုံးဖြစ်ပါလိမ့် ... ဆိုပြီးတော့ပေါ့ ...။ အခုစာဖတ်သူလဲ ... ဒီစာဖတ်နေတာ ခဏလောက်ရပ်ပြီး ကိုယ်တိုင် သို့မဟုတ် အသိအကျွမ်းတွေထဲက ... သုံးစွဲတာ ... သောက်စားတာကို စဉ်းစားကြည့်လိုက်ပါလား ...
လေ့လာကြည့်ရင် အကြောင်းရင်းအမျိုးမျိုးတွေ ... ရှိနေတာ တွေ့ရမှာပါ ...။
ပျော်ချင်လို့ ...
စိတ်ထွက်ပေါက် ရှာတာ ... အသစ်အဆန်းမို့ ဘယ်လိုနေလဲ စမ်းကြည့်တာ ...
စိတ်ညစ်နေလို့ အာရုံပြောင်းချင်လို့ ...
ကိုယ့်ရဲ့ပါဝါတွေတက်လာအောင်လို့ ... (စိတ်ကြွဆေးသုံးသူများ)
ဝေဒနာ ခံစားနေရတာ သက်သာအောင်လို့ ...
သူငယ်ချင်းတွေဆုံလို့ ...
တခါတလေပျော်ကြတာမို့ ...
ကိုယ့်ကိုယ်ကို အားငယ်နေလို့ ထွက်ပေါက်ရအောင် ...
အထီးကျန်နေလို့ ...
စသည်ဖြင့် မရေမတွက်နိုင်လောက်အောင် အကြောင်းရင်းတွေ အများကြီးရှိလာနိုင်ပါတယ် ...။
ဒီနေရာမှာ ... ဆေးသုံးစွဲမှုတြိဂံ ဆိုတာကို ပြောပြပါရစေ...။
လူရယ် ... ဆေး(မူးယစ်ဆေး)ရယ် ... ပတ်ဝန်းကျင်ရယ် ... ဆိုတဲ့အချက်တွေပါ ပါတယ် ...။
မူးယစ်ဆေးဘာကြောင့်သုံးရတယ် ဆိုတဲ့အချက်တွေကို ပြန်ပြီးအကျဉ်းချုပ်လိုက်ရင် ဒီတြိဂံနဲ့သက်ဆိုင်နေတာ တွေ့ရမှာပါ ...။
လူ - ဆိုတာက သုံးစွဲတဲ့သူကို ပြောတာဖြစ်ပါတယ် ...။ သုံးတဲ့သူတွေသက်ဆိုင်နေတဲ့အချက်တွေ (စိတ်ညစ်လို့/စိတ်ပျော်ချင်လို့/စမ်းသပ်ချင်လို့..) ရှိသလို
ဆေး - (မူးယစ်ဆေး) နဲ့ဆိုင်တဲ့ အချက်တွေမှာ မူးယစ်ဆေးတွေအလွယ်တကူရနိုင်တာ ... အရည်အသွေးကောင်းတဲ့ဆေးတွေရနိုင်တာ ... ဈေးပေါပေါနဲ့ ရနိုင်တာ ... စတဲ့ အခြေအနေတွေ ရှိနိုင်ပါတယ်....။
ပတ်ဝန်းကျင် - နဲ့ ဆိုင်တဲ့အချက်တွေကို ကြည့်ရင် အပေါင်းအသင်းတို့၊ မိသားစုပတ်ဝန်းကျင်တို့ ...၊ ရပ်ကွက်ပတ်ဝန်းကျင်တို့ ... နေတဲ့ ကျောင်းပတ်ဝန်းကျင်တို့ ... စတဲ့ အခြေအနေတွေ ရှိနေနိုင်ပါတယ် ...။
ဒီအခြေအနေတွေဟာ ဆက်စပ်နေတာမို့ ... အကြောင်းတစ်ခုတည်းကွက်ပြီး ဆုံးဖြတ်လို့မရပါ ...။
ဒါကြောင့် ... လူငယ်တစ်ယောက်ဆေးသုံးတာတွေရင် သုံးရကောင်းလားလို့ အပြစ်တ
င်နေတာမျိုးထက် ...
ဒီတြိဂံနဲ့ သုံးသပ်ကြည့်ရင် ... ဘယ်လိုရှိသလဲ ... ဘာတွေပတ်သက်နေသလဲ ဆိုတာစဉ်းစားဖော်ထုတ်နိုင်ပါတယ်....။
ဒါကြောင့် ... ဒီ ဆေးသုံးစွဲမှု တြိဂံဆိုတာလေးကို ... သိရအောင်ဝေမျှရင်း ရပ်နားလိုက်ပါရစေ ...။
(အထက်ပါဖော်ပြချက်များကို Phoenix Association က အကောင်အထည်ဖော်လျက်ရှိသော Improving Enabling Environment through increased Drug Policy Awareness စီမံချက်၏ အစိတ်အပိုင်းတစ်ခု အဖြစ်ဖော်ပြပေးခြင်းဖြစ်ပါသည်။ မူးယစ်ဆေးဝါးမူဝါဒဆိုင်ရာခေါင်းစဉ်များထဲမှ အလျဉ်းသင့်သလို ပုံမှန် တင်ပြ ပေးလျက်ရှိပါသည်။)
 
 
 
 
 
 
 
 
 

Year: 

2020