Annual report for Treatment and HIV resting and Counselling

၂၀၂၀ ခုနှစ် ဖီးနစ် အဆိုစီရေးရှင်း အစီရင်ခံစာ

 

ဖီးနစ်အဆိုစီရေးရှင်းသည် ပြည်တွင်းလူမှုစီးပွားရေးအဖွဲ့အဖြစ် ပြည်ထဲရေးဝန်ကြီးဌာန၏ အသင်းအဖွဲ့ မှတ်ပုံတင်အား ၂၀၁၂ ခုနှစ် ဧပြီလတွင် စတင် ရရှိခဲ့ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၂၅) ရက်နေ့တွင် သင်းဖွဲ့ မှတ်ပုံတင် အမှတ် ၁ / ပြည်တွင်း / ၁၃၂၃ ဖြင့် သက်တမ်းတိုးမြင့်ခွင့် ထပ်မံရရှိ၍ လူမှုစီးပွားရေး လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်နေသော ပြည်တွင်း အဖွဲ့အစည်း ဖြစ်ပါသည်။

အဖွဲ့၏ ပင်မရုံးချုပ်အား ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ သမ္ဗူလလမ်း၊ ထီးလှိုင်ရှင် အိမ်ရာ၊ အိမ်အမှတ် ၁၅၈ (ဒီ) တွင် ဖွင့်လှစ်ထားရှိပြီး ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ဥက္ကလာ မြို့နယ်၊ အမှတ် ၁၁၂၊ သုဓမ္မာလမ်းမကြီး၊ (ဌ) ရပ်ကွက်တွင် စီမံချက် ရုံးခွဲတစ်ခုအား ဖွင့်လှစ်၍ ကျန်းမာရေး (HIV) ဆိုင်ရာ စီမံချက်များ အကောင်အထည်ဖော် လုပ်ဆောင်လျက် ရှိပါသည်။

၂၀၁၂ ခုနှစ်မှ စတင်ပြီး HIV/AIDS ဆိုင်ရာထိခိုက်လွယ် အုပ်စုများ၏ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နှင့်ကိုက်ညီသော တရားစီရင်ရေးဆိုင်ရာရပိုင်ခွင့်များကို အပြည့်အဝရရှိနိုင်စေရန်၊ အဆိုပါ အုပ်စုများအတွက် မူဝါဒကောင်းများ ပေါ်ထွန်းလာ စေရန်နှင့် တရားမျှတပြီး အကာအကွယ်ပေးနိုင်မည့် ဥပဒေကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်လျက် တရားဉပဒေ စိုးမိုးရေး အစီအစဉ်ကို စတင်ခဲ့ပြီး အဆိုပါအုပ်စုများ၏ အခက်အခဲများ ပြသနာများအတွက် အရေးဆိုတင်ပြမှုများပြုလုပ်ခြင်း၊ ဥပဒေရေးဆွဲခြင်း၊ ဥပဒေအထောက်အကူ ပြုခြင်း၊ ဥပဒေအသိပညာပေးခြင်း၊ မူဝါဒရေးဆွဲခြင်း ကိစ္စရပ်များတွင် စတင် ပါဝင်ဆောင်ရွက် လျက်ရှိပါသည်။

၂၀၂၀ ခုတွင် စီမံချက်နှင့် ရုံးဝန်ထမ်း စုစုပေါင်း ( ၆၇ ) ဦးဖြင့် အောက်ပါလုပ်ငန်းများ လုပ်ဆောင်ခဲ့ပါသည်။

-           အဖွဲ့၏ လူမှု စီးပွားရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများ

-           ကျန်းမာရေး၊ တရားဥပဒေ စိုးမိုးရေး နှင့် ဥပဒေဆိုင်ရာ စီမံချက်များ

-           ပြည်တွင်း နှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်မှုများ

 

အဖွဲ့၏ လူမှု စီးပွားရေး နှင့် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများ

စတင်ဖွဲ့စည်းခဲ့စဉ်မှ ယနေ့အချိန်ထိ HIV ပိုးဖြင့် ရှင်သန်နေကြသူများနှင့် ယင်းတို့၏ မိသားစုများ သာမက နွမ်းပါးသူ၊ အသိပညာဗဟုသုတ လိုအပ်နေသောသူများ အတွက် ပံ့ပိုးကူညီ စောင့်ရှောက်သော လုပ်ငန်းများနှင့် အဖွဲ့၏ ရံပုံငွေအတွက် အိမ်တွင်းမှု စီးပွားရေးလုပ်ငန်း (အထည်ချုပ်) ကို လုပ်ဆောင်ခဲ့ကြ ပါသည်။

HIV ပိုးကြောင့် နာမကျန်းဖြစ်ကာ မင်္ဂလာဒုံ အထူးကုဆေးရုံသို့ လာရောက်ကုသသူများအနက် စောင့်ရှောက်မည့် သူများ လိုအပ်နေသည့် လူနာများ၊ နွမ်းပါးလူနာများအား အခကြေးငွေ မယူပဲ လူနာစောင့် အဖြစ် ဖီးနစ်အဖွဲ့၏ လုပ်အားပေး (၉) ဦးမှ မင်္ဂလာဒုံဆေးရုံအုပ်ကြီး၏ ခွင့်ပြုမှုဖြင့် နေ့စဉ် ကူညီဆောင်ရွက်ပေးလျက် ရှိပါသည်။

စီးပွားရေးလုပ်ငန်းအနေဖြင့် အသေးစား အထည်ချုပ်လုပ်ငန်း ဆောင်ရွက်လျက်ရှိပြီး ရရှိလာသည့် အကျိုးအမြတ် တို့ကို လူမှုရေးလုပ်ငန်းများတွင် အသုံးပြုခြင်းနှင့် အဖွဲ့ ရေရှည်တည်တံ့ရေး ရံပုံငွေတို့အတွက် အသုံးပြုလျက် ရှိပါသည်။ စက်ချုပ်လုပ်ငန်းမှာလည်း သမဝါယမ ဝန်ကြီးဌာန၊ အိမ်တွင်း စက်မှုလက်မှု လုပ်ငန်းမှ လုပ်ငန်း မှတ်ပုံတင်ဖြင့် လုပ်ဆောင်နေပြီး လူမှုရေး စျေးရောင်းပွဲများ နှင့် ပြင်ပမှ မှာယူသူများအတွက် ချုပ်လုပ် ပေးလျက်ရှိပါသည်။

 

၂၀၂၀ ခုနှစ် ကျန်းမာရေး၊ တရားဥပဒေ စိုးမိုးရေး နှင့် ဥပဒေဆိုင်ရာ စီမံချက်များ

(၁) HIV / TB ကာကွယ်ရေး စီမံချက် (အမျိုးသားချင်း ချစ်ခင်စုံမက်သူများအတွက်)

(၂) HIV / TB ကာကွယ်ရေး စီမံချက် (အမျိုးသမီး လိင်လုပ်သားများအတွက်)

(၃) ကုသခြင်း၊ HIV သွေးစစ်ခြင်း နှင့် နှစ်သိမ့်ဆွေးနွေးခြင်း စီမံချက်

(၄) လူထုပါ၀င် တီဘီကင်းစင် မြန်ပြည်တစ်ခွင် စီမံချက်

(၅) တရားရေးကိစ္စရပ်များတွင်  ဥပဒေရေးရာ  အကူအညီများ ရယူရန် သက်ဆိုင်သူများ၏ အသိအမြင်နှင့် ပံ့ပိုးမှု မြှင့်တင်ခြင်း စီမံချက်

(၆) ပတ်ဝန်းကျင်အား ပိုမိုမြင့်မားသောအသိအမြင်တိုးမြှင့်ခြင်းအားဖြင့်မူးယစ်ဆေးဝါးဆိုင်ရာ မူဝါဒအား ချဉ်းကပ်မှု စွမ်းဆောင်ရည် တိုးတက်ရေး စီမံချက်

 

ကုသခြင်း၊ HIV သွေးစစ်ခြင်း နှင့် နှစ်သိမ့်ဆွေးနွေးခြင်း စီမံချက်

စီမံချက်အမျိုးအစား -    HIV ကုသခြင်း၊ စမ်းသပ်စစ်ဆေးခြင်းနှင့် နှစ်သိမ့်ဆွေးနွေးပေးခြင်း

ရံပုံငွေ ပမာဏ -            ၃၂, ၀၂၇, ၀၀၀ ကျပ်

အလှူရှင် အဖွဲ့အစည်း - Save the Children (PR), Alliance (Maharmate Myanmar) (SR)

ဝန်ထမ်းအရေအတွက် - (၁၀) ဦး

စီမံချက် ဧရိယာ -   ရန်ကုန်တိုင်းဒေသကြီး (လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ)    နှင့်  ချိတ်ဆက်ရနိုင်သမျှ ဒေသများ)

ရုံးလိပ်စာ (ခွဲ) -      ၁၁၂၊ သုဓမ္မာလမ်းမကြီး၊ (ဌ) ရပ်ကွက်၊ မြောက်ဥက္ကလာမြို့နယ်။

 

စီမံချက်မိတ်ဆက်

Treatment, HIV Testing and Counselling စီမံချက်ကို ၂၀၁၂ ခုနှစ်၊ မေလမှ စတင်၍ ပြုလုပ်ခဲ့ပါသည်။ HIV ရှိ၊မရှိ စစ်ဆေးပေးခြင်း၊ လူနာများအား နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ အိမ်တိုင်ရာ‌‌ရောက် ပြုစုစောင့်ရှောက်ပေး ခြင်း၊ လူနာများအား ART ဆေး ရရှိရန် GP များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ အဖွဲ့လိုက် ကျန်းမာရေးအသိ ပညာပေးခြင်း၊ ကိုဗစ်ကာလတွင်လည်း ART ဆေး စတင်သောက်သုံးသူများကို အာဟာရထောက်ပံ့ပေးခြင်း စသည့် ၀န်ဆောင်မှုများကို ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

အောင်မြင်မှုများ

၂၀၂၀ ခုနှစ် မတ်လကုန်မှစ၍ ကိုဗစ်ကပ်ရောဂါသည် မြန်မာနိုင်ငံအတွင်းသို့ စတင်၍ ‌ရောက်ရှိလာသဖြင့် တနိုင်ငံလုံး အလုပ်အကိုင်များ၊ ရုံးများ ရပ်ဆိုင်းရသဖြင့် ပုံမှန်လုပ်ဆောင်နေကြလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် အခက်အခဲများ အနည်းနှင့်အများ ပေါ်ပေါက်လာခဲ့ပါသည်။ ထိုကာလတွင် THTC ရုံးသည် ၀န်ထမ်းများအား အလှည့်ကျရုံးတက်၍ ဆက်လက်ဆောင်ရွက်ခြင်း၊ ကျန်းမာရေး၀န်ကြီးဌာန ၏ လမ်းညွှန်ချက်များ အတိုင်း ကိုဗစ် ကာကွယ်ရေး လုပ်ဆောင်ချက်များဖြင့် တိကျစွာလိုက်နာ၍ ၀န်ဆောင်မှုများကို လုပ်ပေးနိုင်ခဲ့ပါသည်။ နှစ်သိမ့်ဆွေးနွေးပေးခြင်းအား ဖုန်းဖြင့်၀န်ဆောင်မှုများ ဆက်လက်ပေးခြင်း၊ social media များဖြင့် ကျန်းမာရေးအသိပညာ၊ ဗဟုသုတများအား မျှ‌‌‌ဝေပေးခြင်း၊ ဝန်ထမ်းများ၏ တွေ့ဆုံဆွေး‌နွေးခြင်းများကို online ဖြင့် တိုင်ပင်ဆွေးနွေးခြင်း၊ လူနာများအား လူခွဲ၍ရုံးသို့ လာစေခြင်း၊ နယ်မှလူနာများအား ဖုန်းဖြင့်ချိတ်ဆက်၍ လိုအပ်သည်များကို ကူညီပေးခြင်း၊ မြို့နယ်ကူး၍ မလာနိုင်သော လူနာများအား ၄င်းတို့၏ သက်ဆိုင်ရာဒေသများရှိ ကျန်းမာရေးဌာနများနှင့် ပြည်သူ့ဆေးရုံများအား ချိတ်ဆက်ပေးခြင်း၊ အချို့အား ၄င်းတို့၏ဒေသများသို့ ART ဆေးဝါးများ ပြတ်လပ်မှုမရှိစေရန် အမြန်ချောပို့ဖြင့် ပို့ဆောင်ပေးခြင်း စသည့် ဝန်ဆောင်မှုများကို လုပ်ဆောင်ပေးနိုင်ခဲ့ပါသည်။

 

၂၀၂၀ ခုနှစ်အတွက် THTC project အနေဖြင့်

အကြိမ်အရေအတွက် >>>

Treatment

Satellite

 

HTC

Home Visit

163

28

Testing

1572

Care Plan

27

-

Health Education (group session)

12

Supervision

15

1

Supervision

20

 

 

HIV Positive – 19 ဦး တွေ့ရှိခဲ့ပြီး ၄င်းတို့အား ART ဆေးရရှိရန် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး 240 ဦး အား ကျန်းမာရေး အသိပညာပေးနိုင်ခဲ့ပါသည်။ စီမံချက်အတွင်း 29 ဦးအား ART ဆေးရရှိရန် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

 

အခက်အခဲများ

ကိုဗစ်ကာလအတွင်း လုပ်ငန်းများဆောင်ရွက်ရာတွင် ကြန့်ကြာမှုများရှိခြင်း၊ နယ်လူနာများ ဖုန်းကဒ်များ အတည်အကျ ကိုင်ဆောင်ခြင်းမရှိသဖြင့် ဆက်သွယ်ရာတွင် အခက်အခဲများရှိခြင်း၊ ရုံးရှိဝန်ထမ်းများ အတွင်း ကိုဗစ် ရောဂါသံသယ ဖြစ်ပေါ်သောကြောင့် စောင့်ကြည့်ရေးဂေဟာသို့ သွားရောက်ရသဖြင့် ကြိုတင်စီမံထားသော သတ်မှတ်ရက် အတွင်းရှိ အလုပ်အကိုင်များ အချိန်မှီပြီးဆုံးရန် အခက်အခဲများရှိခြင်း စသည့် အခက်အခဲများကို ကြုံတွေ့ခဲ့ရပါသည်။

 

သင်ခန်းစာများ

ကိုဗစ်ကာလတွင် နည်းပညာအသုံးပြုမှုများဖြင့်သာ အများအားဖြင့် ဆက်လက် လုပ်ကိုင်နိုင်ကြသဖြင့် နည်းပညာ တိုးတက်မှုများကို အလျင်မပြတ်လေ့လာနေမှသာ လုပ်ကိုင်မှုများ အရှိန်မပြတ် ဆက်လက်လုပ်ကိုင် နိုင်ကြောင်း၊ မိမိကစတင်၍ ကာကွယ်မှသာ ကူးစက်မှုများကို ထိန်းချုပ်နိုင်စေခြင်း စသည့် အသိပညာများ ရရှိ သောကြောင့် အခြားသော ကဏ္ဍအသီးသီးတွင် မိမိက စတင်၍ ကာကွယ်လုပ်ဆောင်သင့်ကြောင်း၊  လူသားချင်း စာနာရေး လုပ်ဆောင်မှုများကိုယခုကာလ ပိုမိုလုပ်ဆောင်သင့်ကြောင်းစသည့် သင်ခန်းစာများ ရရှိပါသည်။

 

ကုသခြင်း၊ HIV သွေးစစ်ခြင်း နှင့် နှစ်သိမ့်ဆွေးနွေးခြင်း စီမံချက်လုပ်ဆောင်ခြင်းဆိုင်ရာ မှတ်တမ်းဓါတ်ပုံများ

 

      

            

 

 

Year: 

2021