၀င်ငွေတိုးလုပ်ငန်း အစီအစဉ်

အဖွဲ့ရေရှည်တည်တံ့နိုင်ရန်နှင့် အဖွဲ့ရည်ရွယ်ချက်ပါ HIV ဝေဒနာရှင်များ မိမိ၏ ဝင်ငွေဖြင့် ဘဝပြန်လည်ရပ်တည်နိုင်ရန်အတွက်ရည်ရွယ်ပြီး အောက်ပါဝင်ငွေတိုးလုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်လျှက်ရှိပါသည်။

၎င်းလုပ်ငန်းမှရရှိသောအမြတ်အစွန်းများအားလုံးသည် ဖီးနစ်လူမှုစီးပွားရေးအဖွဲ့၏ HIV နှင့်ဆက်စပ်သောဝန်ဆောင်မှုလုပ်ငန်းများ၊ ဆေးဝါးကုသမှုလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပြန်လည်အသုံးပြုလျှက်ရှိပါသည်။

သို့ဖြစ်ပါ၍ လူကြီးမင်းတို့အနေဖြင့်ဖီးနစ်အဖွဲ့၏ ဝင်ငွေတိုးလုပ်ငန်းတွင်အလုပ်အပ်နှံခြင်းဖြင့် HIV နှင့်ဆက်စပ်သောလူမှုရေးလုပ်ငန်းအား တစ်ဖက်တစ်လမ်းမှကူညီပေးနိုင်ပါသည်။