ရံပုံငွေ ရှာဖွေခြင်းနှင့် အရေးဆို ဆွေးနွေးခြင်း

ဖီးနစ်အဖွဲ့၏ ဝင်ငွေတိုးလုပ်ငန်းမှ ထုတ်ကုန်များနှင့် အခြားဒေသတွင်းမှ ထွက်ကုန် ပစ္စည်းများကို ဈေးရောင်းပွဲတော်များတွင် သွားရောက်ရောင်းချခြင်းလုပ်ငန်းဖြင့် အဖွဲ့ရန်ပုံငွေ ပြန်လည်ရရှိအောင် လုပ်ဆောင်လျှက်ရှိပါသည်။

အရေးဆိုဆွေးနွေးခြင်းနှင့် ပတ်သက်ပြီး HIV ရောဂါအပြင် အခြားကျန်းမာရေးဆိုင်ရာ အရေးကိစ္စများ၊ အသင်းအဖွဲ့ဆိုင်ရာကိစ္စများ၊ ဥပဒေရေးရာလုပ်ငန်းများနှင့် ပတ်သက်ပြီး လူ့အဖွဲ့အစည်းအတွက် အခြေခံကျကျလိုအပ်နေသော နိုင်ငံတော်အစိုးရ၏ ဥပဒေဆိုင်ရာမူဝါဒများ ပြုပြင်ပြောင်းလဲရေးအတွက် သက်ဆိုင်ရာလူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ ဌာနများနှင့် ချိတ်ဆက်ကာ ဆောင်ရွက်လျက်ရှိပါသည်။